16 w - Translate

မနေ့က ကစားသွားတဲ့ ပွဲတွေထဲကမှအကောင်းဆုံးတစ်ပွဲကိုပြပါဆိုကျွန်တော်ကတော့ မန်စီးတီးနဲ့ပီအက်ဂျီ ပွဲကိုပဲပြောချင်တယ်

ပထ မပိုင်းမှာ ဂိုးမရှိသရေဖြစ်နေပြီး ဒုတိယပိုင်းမှာ နှစ်သင်းပေါင်း ၆ ဂိုးအထိ သွင်းခဲ့တဲ့ပွဲပါ။ ပလေးအော့ကစားခွင့်ရဖို့အတွက် အရေးကြီးပါတဲ့ပွဲဟာ ဒုတိယပိုင်းမှာ မြိုင်ဆိုင်ခဲ့ပြီး ၂ဂိုးပြတ်နဲ့ ဦးဆောင်နိုင်ခဲ့တဲ့ မန်စီးတီးတို့ နောက်ဆုံးမှာ ၂ဂိုးပြတ်နဲ့ ရှုံးသွားခဲ့ပါတယ်။ ၂-၀ နဲ့ ၅၅ မိနစ်အထိ မန်စီးတီးတို့ ဦးဆောင်နေခဲ့ပြီးနောက် ၄ဂိုးဆက်တိုက်ပြန်ပေးလိုက်ရလို့ ၄-၂ နဲ့ ရှုံးသွားပါတယ်။
ဒီပွဲအရှုံးကြောင့် မန်စီးတီးဟာ ပလေးအော့ကစားခွင့်ရမယ့်အဆင့်ပြင်ပကို ရောက်သွားပါတယ်။ အဆင့် ၂၄ နဲ့ နှစ်မှတ်ကွာသွားကာ လက်ကျန်တပွဲပဲ ကျန်တော့တဲ့အချိန်မို့ တိုင်ပတ်ပါပြီ။ နောက်ဆုံးပွဲမှာ သူ့အထက်က အသင်းတွေ ခြေချော်ဖို့ကို မျှော်လင့်ရတော့မှာဖြစ်ပြီး အကုန်လုံးနိုင်ခဲ့ရင် သူတို့ ဒီပြိုင်ပွဲကနေ ထွက်ရပါပြီ။
ဘင်ဖီကာ၊ စပို့တင်း၊ ပီအက်စ်ဂျီ၊ စတုဂတ်တို့ထဲက တသင်းလောက် နောက်ဆုံးပွဲမှာ ရှုံးခဲ့ရင်တော့ မန်စီးတီးအတွက် မျှော်လင့်ချက်ရှိလာမှာပါ။ ဒါတောင် ကိုယ်က အနိုင်ကစားထားဥိးမှာပါ။ အိမ်ကွင်းမှာ ကလပ်ဘရုဂ်နဲ့ ကစားရမှာမို့ သူတို့နိုင်ပွဲရဖို့က ဖြစ်နိုင်ပါသေးတယ်။ ဒါပေမယ့် ပြိုင်ဘက်တွေမနိုင်ဖို့ပါ ဆုတောင်းရပါမယ်။ သူတို့ကံတရားက ပြိုင်ဘက်တွေလက်ထဲရောက်နေပါပြီ။

image