16 w - Translate

၂၀၂၄ တွင် တရုတ်၏ GDP ရည်မှန်းသည်ထက် မြင့်တက်ခဲ့
---------------------------
တရုတ်ရဲ့ GDP ဟာ ၂၀၂၄ ခုနှစ်ရဲ့ စတုတ္ထသုံးလပတ်မှာ ၅ ဒသမ ၄ ရာခိုင်နှုန်းရှိခဲ့ပြီး ခန့်မှန်းထားတာ ထက် ၅ ရာခိုင်နှုန်းအထက် တိုးလာခဲ့ပါတယ်။ ဒါဟာ တရားဝင် ရည်မှန်းချက်နဲ့ကိုက်ညီတဲ့ နှစ်စဉ် စီးပွားရေး တိုးတက်မှု နှုန်းအနေနဲ့ ၅ ရာခိုင်နှုန်းအထက် ရရှိအောင် ဆောင်ရွက်နိုင်ခဲ့တာပါ။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာလမှာ ပြုလုပ်ခဲ့တဲ့ မူဝါဒအပြောင်းအလဲတွေကြောင့် စီးပွားရေးတိုးမြင့်လာခဲ့ပေမယ့် နောက် ထပ်ပြန်လည်ထူထောင်ရေးအတွက် ကြီးမားတဲ့မက်လုံးတွေတော့ လိုအပ်နေပါသေးတယ်။

တစ်ချိန်တည်းမှာပဲ စာရင်းအင်းဗျူရိုက ပြည်တွင်းဝယ်လိုအား အားနည်းမှုနဲ့ ပြင်ပနိုင်ငံတွေမှာ ဖြစ်ပေါ်နေတဲ့ စီးပွားရေးဆိုင်ရာ အချက်အလက်တွေရဲ့ သက်ရောက်မှုတွေအတွက် သတိပေးခဲ့ပြီး မက်ခရိုစီးပွားရေး မူဝါဒ တစ်ရပ်ချမှတ်ဖို့ တောင်းဆိုခဲ့ပါတယ်။

အပြုသဘောဆောင်တဲ့ အချက်အလက်တွေအနေနဲ့ ၀ ဒသမ ၁၅ ရာခိုင်နှုန်း တိုးတက်မှုနဲ့ အညွှန်းကိန်း ကို CSI 300 အထိအားကောင်းလာစေခဲ့ပြီး ယွမ်ငွေလဲနှုန်းဟာလည်း တစ်ဒေါ်လာကို ၇ ဒသမ ၃၃၉၈ အထိ ရှိလာခဲ့ပေမဲ့ ၁၀ နှစ်စာချုပ်တွေရဲ့ အခြေခံအတိုးနှုန်းကတော့ ၁ ဒသမ ၆၃၈ အထိ ကျဆင်းသွားခဲ့ ပါတယ်။

၂၀၂၄ ခုနှစ်အတွင်း မြို့ပြနေထိုင်သူတွေရဲ့ ၀င်ငွေဟာ ၄ ဒသမ ၄ ရာခိုင်နှုန်း တိုးလာခဲ့သလို ကျေးလက် နေထိုင်သူ တွေရဲ့ ဝင်ငွေဟာလည်း ၆ ဒသမ ၃ ရာခိုင်နှုန်း တိုးလာခဲ့ဝာာပါ။ စာရင်းအင်းဗျူရိုရဲ့ ကိုယ်စားလှယ်ကတော့ အား နည်းတဲ့ စားသုံးသူတွေရဲ့ လုပ်ဆောင်ချက်ကြောင့် ၂၀၂၅ ခုနှစ်မှာ ပြင်ပဖိအားတွေ တိုးလာနိုင်တယ်လို့ မှတ်ချက် ပြုထားပါတယ်။

imageimage