ပါမောက္ခချုပ်ဆရာတော်ကြီး ဆေးစစ်မှုခံယူရန် ဗန်ကောက်မြို့သို့ကြွတော်မူ
ပါမောက္ခချုပ်ဆရာတော်ကြီးသည် ယနေ့ ဇန်နဝါရီ ၂၂ ရက်နံနက်ပိုင်းက ရန်ကုန်လေဆိပ်မှတစ်ဆင့် ထိုင်းနိုင်ငံ၊ ဗန်ကောက်မြို့၌ ဆေးစစ်မှုခံယူရန် ကြွတော်မူခဲ့သည်။
ပါမောက္ခချုပ်ဆရာတော်ကြီး ဗန်ကောက်မြို့သို့ ဆေးစစ်မှုခံယူရန်ကြွတော်မူရခြင်းမှာ ရောဂါဝေဒနာခံစားရခြင်းကြောင်းမဟုတ်ဘဲ တစ်နှစ်တစ်ခါနှစ်စဥ် ပုံမှန်ဆေးစစ်မှုခံယူရန် ကြွတော်မူခြင်းဖြစ်သည်။
