Solar Panel အင်္ကျီဝတ်ပြီး ဖုန်း အားသွင်းမလား
============================
Solar တွေ ခေတ်ထနေတဲ့ မြန်မာနိုင်ငံအတွက် အသုံးဝင်တဲ့ Solar Panel အင်္ကျီ ထွက်ပေါ်လာပါပြီ။ အဲဒီ အင်္ကျီကို နာမည်ကြီး Accessory ထုတ်လုပ်သူ Anker က Consumer Electronics Show (CES) 2025 မှာ ပြသလိုက်တာ ဖြစ်ပါတယ်။ Anker က ဒါဟာ ကမ္ဘာ့ ပထမဆုံး Solar Panel အင်္ကျီလို့ ပြောထားပါတယ်။
မီးပျက်နေတဲ့အချိန်မှာ အင်္ကျီ ဝတ်ပြီး အပြင်ထွက်လိုက်တာနဲ့ ဖုန်းကို အားသွင်းနိုင်မှာ ဖြစ်ပါတယ်။ အင်္ကျီဟာ နေရောင်ခြည် ကနေ 30W Maximum Input ကို လက်ခံနိုင်ပြီး USB Type-C Output ကနေ ဖုန်းကို အားသွင်းပေးနိုင်ပါတယ်။ အင်္ကျီမှာ Perovskite Solar Cells ပါတဲ့ Wearable Solar Panel တွေ တပ်ဆင်ထားပြီး LED Light Strip တွေ ပါတဲ့အတွက် ကိုယ်ရောင်ကိုယ်ဝါ တောက်ပနေမှာ ဖြစ်ပါတယ်။
CES နည်းပညာ ပြပွဲဟာ ကမ္ဘာ့အကြီးမားဆုံး နည်းပညာ ပြပွဲထဲက တစ်ခု ဖြစ်ပြီး ထူးခြားဆန်းသစ်တဲ့ နည်းပညာတွကို ကုမ္ပဏီများစွာက အပြိုင်အဆိုင်ပြသနေကြတာ ဖြစ်ပါတယ်။ Anker ရဲ့ Solar Panel အင်္ကျီကလည်း အဲဒီအထဲက တစ်ခု ဖြစ်ပါတယ်။
