Khine Su Zin shared a post  
16 w

16 w

Dating Tips for Zodiacs 🥹

Earth Signs (Taurus, Virgo, Capricorn) တို့နဲ့ Date မယ်ဆို အစားကောင်းရတဲ့ဆိုင်ကိုရွေး၊ သူတို့ကြိုက်တဲ့ဆိုင် စားချင်တဲ့ဆိုင်ကို အရင်မေးတာ ပိုကောင်းတယ်။ ဒါမှမဟုတ် ဘယ်ဆိုင်က ဘယ်အစားအသောက်လေး နာမည်ကြီးနေတယ် စားကြည့်မလားဆိုပြီး မေး။

နောက် အရေးကြီးတဲ့အချက်။ သူတို့နဲ့စားရင် မူမနေနဲ့။ စားစရာရှိတာစား။ အဲလိုပြောလို့ လုလည်း မစားနဲ့အုံး။ ကိုယ်ကြိုက်တာလေးကိုယ် ဝဝလင်လင် မှာစား။ သူတို့ပါးစပ်ထဲပဲ ထည့်နေလို့လည်း မငြိုငြင်နဲ့၊ သူတ်ု့က အစားသမားတွေ။ ကိုယ့်ကို စားပါအုံးတို့ တီတီတာတာ ကလီကမာတွေ အဲ့အချိန်မှာမလုပ်လည်း မခံစားနဲ့၊ စားရင်းနဲ့ enjoy ဖြစ်အောင်နေ။ အကောင်းလေးတွေ သူ့အတွက် ချန်ထားရင် ငါအနစ်နာခံတာ သူများသိလေမလားလို့လည်း မတွေးနဲ့။ သူတို့က အစားဟာ အစားပဲ၊ အနစ်နာခံဖို့ မလိုဘူး။ ကြိုက်ရင် စား၊ မဝရင်ထပ်ယူ ဒါပဲ။ အစားနဲ့ ဒရာမာချိုးလို့ မရတဲ့အထဲ Earth Sign တွေပါတယ်။

ပြီးရင် မွှေးမွှေးကြိုင်ကြိုင်လေး သွား။ ဒါပေမဲ့ မျက်စိနောက်စရာ အတွန့်အဖတ်၊ အဆင်ရှုပ်ရှုပ်တွေ မဝတ်နဲ့။ သိပ်ဇီဇာကြောင်တဲ့ Earth တွေဟာ ခြုံပုတ်ကြီးရွေ့လာတယ်လို့ ထင်လိမ့်မယ်။

နောက်တစ်ချက်က အိုဗာတင်းတွေ သူတို့မကြိုက်ဘူး။ အရမ်းသွက်လွန်းတာတို့၊ စကားစာစာ စာစာ ပြောတာတို့၊ ကလေးအရမ်းဆန်တာတို့ဆို စိတ်ထဲက ကြိတ်ရယ်ပြီး၊ Virgo တွေဆို ဟန်မဆောင်နိုင်အောင် ထဘလိန်းတတ်တယ်။ ဒါလေး သတိထား။ (Virgo တွေရဲ့ အချစ်ကို သိမ်းကြုံးပွေ့ပိုက်ဖူးသူအနေနဲ့ ပြောရရင် ဘာလို့ချစ်တာလဲလို့ မေးတိုင်း၊ ရင်ထဲအေး လို့ဆိုတဲ့ အဖြေတူတွေ ရတယ်။ သူတို့ကို ရင်အေးစေပြီး၊ စမတ်ကျရင် အသည်းနှလုံးတစ်ဝက်ကို First Sight မှာတင် သိမ်းပိုက်နိုင်ပြီလို့ ဆိုနိုင်တယ်။ ဒါက စကားကြုံလို့ လက်ဆောင်ပြောပြတာ)

လက်ဆောင်က မပေးရင်မပေးနဲ့။ ပေးရင် တန်ဖိုးကြီးတာ/ရှားပါးတာ/ သူတို့အမြဲသုံးတတ်တာလေး ပေးရင် ကြိုက်ကြတယ်။ စကားပြောရင် မငြင်းနဲ့။ သူတို့မှားနေရင်တောင် ချက်ချင်းဝူးဝါးထမလုပ်နဲ့။ တတိယကမ္ဘာစစ်က Earth တွေနဲ့ ပြိုင်ငြင်းရာက စတယ်တွေဘာတွေ ဖြစ်သွားမယ်။

ဒီလောက်ဆို မြေကြီးတွေနဲ့ ဆက်ဆံရေးက အတော်လေး ပြေလည်ပြီး၊ အထင်မကြီးရင်တောင် အထင်မသေးတဲ့ အခြေအနေမျိုးတော့ အခြေခံအားဖြင့်ရပြီ။ အဲဒါတွေ မလုပ်နိုင်ရင်/ မကိုက်ညီရင်လည်း အစတည်းက မတွေ့တာကောင်းတယ်။ သစ်စိမ်းချိုး ဆိုတာ Earth တွေ အကျွမ်းဆုံးအရာပဲ။

ကျန်တဲ့ Sign တွေ ဆက်ရန် …

#crd
#lunatarot