16 w - Translate

မိန်းခလေးဆိုတာ အချစ်ခံချင်ကြတဲ့အမျိုး...
အချစ်မခံချင်တဲ့ မိန်းခလေးဆိုတာမရှိပါဘူး...။

ချစ်သူဆီက ဂရုစိုက်တာ အနွံနာခံတာ...
အလျော့ပေးတာ ချစ်ပေးတာကို...
အနည်းနဲ့အများတော့ လိုချင်တာကြတယ်...။

ရန်ဖြစ်လို့ စိတ်ဆိုးစိတ်ကောက်ရင်တောင်...
သူကိုယ့်ကို Phဘယ်နှစ်ခါခေါ်ထားတယ်...
သူကိုယ့်ကိုMessage ဘယ်နှစ်ကြိမ်ပို့ပြီး ချော့ထားတယ်ဆိုပြီး...
Phကိုကြည့်ပြီးတပြုံးပြုံးနဲ့ ကြည်နူးနေရှာတာမျိုး...။

ချစ်သူအပေါ် နွဲ့ဆိုးဆိုချင်ကြတယ်...။
ရစ်ချင်ကြတယ်...။
ပြသာနာလည်း ရှာချင်ကြတယ်...။

ရန်ဖြစ်ရင်လည်း ပြတ်မယ် လမ်းခွဲမယ်လို့ပြောလိုက်ရမှ
စိတ်ချမ်းသာတဲ့အမျိုးက မိန်းခလေးတွေပါပဲ...။

အဲတာမချစ်လို့မဟုတ်ဘူးနော်...
ချစ်လွန်းလို့ အဲလိုမျိုးတွေဖြစ်နေတာ...။

မိန်းခလေးဆိုတဲ့အမျိုးက သူတို့မချစ်မနှစ်သက်တဲ့သူဆို
စိတ်ကူးထဲထည့်ဖို့မပြောနဲ့ စကားတောင်လေကုန်ခံပြီး
ပြောတဲ့သူတွေ မဟုတ်ဘူး...။

သူတို့ချစ်တဲ့သူဆီမှာပဲ အချစ်ခံချင်ကြတာ...။

ဒီကမ္ဘာပေါ်မှာ ကံအကောင်းဆုံး မိန်းခလေးက
အချစ်ခံရတဲ့ မိန်းခလေးပါ.....
..♥အရမ်းချစ်ရဆုံးသူတယောက်♥

image