16 w - Translate

မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့၍ ဆာလက်ရှ် ဂုဏ်ယူ
------------------------
လီဗာပူးအသင်းသမိုင်းမှာ ဥရောပပြိုင်ပွဲသွင်းဂိုး ၅၀ ပြည့်တဲ့ ပထမဆုံး ကစားသမားဖြစ်ခွင့်ရတဲ့အတွက် ဂုဏ်ယူမိ တယ်လို့ တိုက်စစ်မှူး ဆာလက်ရှ်က ပြောကြားလိုက်ပါတယ်။ ဇန်နဝါရီ ၂၁ ရက်ညက ကစားတဲ့ လိုင်လီအသင်းကို အနိုင်ရတဲ့ပွဲမှာ ဆာလက်ရှ်ဟာ ပွဲချိန် ၃၄ မိနစ်မှာ အသင်းအတွက် အဖွင့်ဂိုးကို သွင်းယူပေးခဲ့ပြီး အခုလိုမျိုး မှတ်တမ်းသစ်ရေးထိုးနိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီပွဲမှာ လီဗာပူးအသင်းဟာ ဆာလက်ရှ်၊ အီးလီးယော့တို့ရဲ့ သွင်းဂိုးတွေနဲ့တူ လိုင်လီအသင်းကို ၂ ဂိုး-၁ ဂိုးနဲ့ အနိုင်ရခဲ့ပြီး ၁၆ သင်းရှုံးထွက်အဆင့်ကို တက်ရောက်ခွင့်ရဖို့ သေချာသွားခဲ့ပါတယ်။ အသင်းကနိုင်ပွဲရပြီး နောက် တစ်ဆင့်တက်ခွင့် သေချာခဲ့သလို မှတ်တမ်းသစ်ကိုလည်း ရေးထိုးနိုင်ခဲ့လို့ ဂုဏ်ယူစရာကောင်းတဲ့ အခိုက်အတန့် ပါပဲလို့ ပွဲအပြီးမှာ ဆာလက်ရှ်က ပြောသွားခဲ့တာပါ။

ဆာလက်ရှ်ဟာ လီဗာပူးအသင်းအတွက် ခြေစစ်ပွဲတွေအပါ အဝင် ချန်ပီယံလိဂ်သွင်းဂိုး ၄၅ ဂိုးနဲ့ ယူရိုပါလိဂ်သွင်းဂိုး ၅ ဂိုး သွင်းယူပေးထားတာဖြစ်ပါတယ်။ ဘေဆယ်၊ ဖီအိုရင်တီးနာ၊ ရိုးမားအသင်းတွေမှာ ကစားခဲ့ဖူးတဲ့ ဆာလက်ရှ် ဟာ ကစားသမားဘဝ ဥရောပပြိုင်ပွဲ သွင်းဂိုး ၆၁ ဂိုးအထိ သွင်းယူပေးထားပါတယ်။ လီဗာပူးအသင်းဟာ အခုနှစ် ချန်ပီယံလိဂ်ပွဲစဉ် ၇ ပွဲစလုံး အနိုင်ရထားပြီး ရှုံးထွက်အဆင့်ကို တက်ရောက်နိုင်ခဲ့သလို ပရီးမီးယားလိဂ်မှာလည်း အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေပါတယ်။

image