16 w - Translate

ဂန္ထဝင်လက်ဝှေ့ကျော် သမန်းကျား ကွယ်လွန်
--------------------
မြန်မာ့ရိုးရာလက်ဝှေ့ အလွတ်တန်းချန်ပီဖြစ်ခဲ့သူ ဂန္ထဝင် ရိုးရာလက်ဝှေ့ကျော် ဦးစောလှမင်း(ခ)သမန်းကျားဟာ ဇန်နဝါရီလ ၂၁ ရက် မနက် ၈ နာရီအချိန်က ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့က တမိုင်ဝန်ထမ်းရပ်ကွက်နေ အိမ်မှာ ကွယ်လွန်သွားတယ်လို့ ရိုးရာလက်ဝှေ့ အသိုင်းအဝိုင်းနဲ့ နီးစပ်သူတွေဆီကနေ သိရပါတယ်၊၊

သမန်းကျားဟာ ဆီးကျိတ်ကင်ဆာဝေဒနာကို ကာလရှည်ခံစားနေရသူဖြစ်ပြီး ဆီးကျိတ်ကင်ဆာရောဂါနဲ့ ဆက်စပ် ဝေဒနာ တချို့ကြောင့် ကွယ်လွန်ခဲ့တာဖြစ်တယ်လို့ မိသားစုနဲ့နီးစပ်သူ တစ်ယောက်က ပြောပါတယ်၊၊ ကွယ်လွန် ချိန်မှာ အသက် ၇၃ နှစ်အရွယ်ရှိပြီ ဖြစ်ပါတယ်။

ဦးသမန်းကျားကွယ်လွန်တာဟာ မြန်မာ့ရိုးရာလက်ဝှေ့လောက အတွက် ဝမ်းနည်းစရာကောင်းတဲ့ ဖြစ်ရပ်ဖြစ်တယ် လို့ မြန်မာအလွတ်တန်း လက်ဝှေ့ ချန်ပီယံ ထွန်းထွန်းမင်းက ပြောပါတယ်၊၊ သမန်းကျားဟာ အသက်(၂၄)နှစ် အရွယ်ကစပြီး ရိုးရာလက်ဝှေ့ ချန်ပီယံဖြစ်လာခဲ့ကာ အသက်(၅၉)နှစ်အရွယ် အထိ လက်ဝှေ့ထိုးသတ်ကစားခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်၊၊

image