ရှမ်းပြည်နယ်၊ တောင်ကြီးမြို့ (၅) ရက်ဈေးက အံ့ဩဖို့ကောင်းတဲ့ ဟင်းသီးဟင်းရွက် ဈေးနှုန်းများ
ဘဲဥမပါဘဲ ပုံထဲမှာပါတဲ့ ဟင်းသီးဟင်းရွက် အားလုံးပေါင်းမှ မြန်မာငွေ ၄၁၀၀ ကျပ်ပဲ ကျပါတယ်တဲ့။ ဒါတောင် ဘဲဥက တလုံး ၅၅၀ ကျပ်နဲ့ ရသေးတယ်။ ရန်ကုန်မှာဆို ကန်စွန်းရွက် ၂ စီးကို ၂၄၀၀၊ ဆလပ်ရွက် တစီးကို ၅၀၀၊ ငရုတ်သီး အတောင့် ၂၀ ကို ၅၀၀၊ ခရမ်းချဉ်သီး ၂ လုံးကို ၇၀၀ ပေးရတာနဲ့တင် ငွေ ၄၁၀၀ ကုန်ပါပြီ။ ရန်ကုန် ဘဲဥဈေးကလည်း တလုံး ၇၀၀ ပါ။
ဒါကို ကြည့်ခြင်းအားဖြင့် ဟင်းသီးဟင်းရွက်တွေဟာ သယ်ယူပို့ဆောင်ခကြောင့် ဈေးတက်နေတာ ဖြစ်ပါတယ်။ ဒေါ်လာဈေး၊ ရွှေဈေး ဘယ်လောက်ကျကျ စက်သုံးဆီဈေး မကျရင် ကုန်ဈေးနှုန်းကို ဘယ်လိုမှ မထိန်းနိုင်ဘူးဆိုတာ သက်ေ-သပြနေတာပဲ ဖြစ်ပါတယ်။ မြန်မာပြည်က ကုန်ဈေးနှုန်းကျဖို့ကတော့ အနောက်က နေထွက်ရင်တောင် မဖြစ်နိုင်သေးပါဘူး။
Photo - Phyu Pyar
#တောင်ကြီး
#ကုန်ဈေးနှုန်း
#crd
