25 w - Translate

֍ ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းမှာ IBM Simon Personal Communicator ဖြစ်ပြီး ၁၉၉၂ ခုနှစ်တွင် မိတ်ဆက်ခဲ့ပြီး ၁၉၉၄ ခုနှစ်တွင် အများပြည်သူသုံးစွဲရန် ထုတ်လုပ်ခဲ့သည်။
֍ ၎င်းသည် မိုဘိုင်းဖုန်းနှင့် တကိုယ်ရည် ဒစ်ဂျစ်တယ် အကူအညီပေးစနစ် (PDA) ၏ လုပ်ဆောင်ချက်များကို ပေါင်းစပ်ထားပြီး ထိုခေတ်အခါကမူ အံ့ဖွယ်ကိရိယာတခုဟု ဆိုနိုင်သည်။
֍ Touchscreen ပါဝင်ပြီး အသုံးပြုသူများကို ဖုန်းခေါ်ဆိုခြင်းအပြင် အီးမေးလ်ပို့ခြင်းနှင့် ပြက္ခဒိန်၊ လိပ်စာစာအုပ်၊ ကိန်းဂဏန်းတွက်စက်ကဲ့သို့သော အခြေခံအက်ပ်များကို အသုံးပြုနိုင်စေခဲ့သည်။
֍ ထို့အပြင် ဖက်စ်ပို့ခြင်းကိုလည်း ပံ့ပိုးပေးပြီး stylus(pen) ဖြင့် အချက်အလက်ထည့်သွင်းနိုင်စေခဲ့သည်။
֍ OS အဖြစ် Datalight ROM-DOS ကို အသုံးပြုထားပြီး Memory အနေဖြင့် 1 MB PSRAM နှင့် Storage 1 MB မှ 2 MB အထိသာ ပါဝင်သည်။
֍ IBM Simon သည် ၅၀၀ ဂရမ် (၁.၁ ပေါင်) ခန့်အလေးချိန်ရှိပြီး ပုံသဏ္ဍာန်မှာ ရှည်မျောမျာဖြစ်သည်။
֍ ဆက်တိုက် ဖုန်းပြောပါက ဘက်ထရီသက်တမ်းမှာ တစ်နာရီခန့်သာ ခံမည်ဖြစ်သည်။
֍ ဖုန်း၏ တန်ဖိုးမှာ အမေရိကန်ဒေါ်လာ ၈၉၉ ဖြစ်ပြီး ၁၉၉၄ မှ ၉၅ အတွင်း အလုံးရေ ၅သောင်း ထုတ်လုပ်ရောင်းချနိုင်ခဲ့သည်။
֍ ၎င်းသည် ဈေးနှုန်းမြင့်မားခြင်းနှင့် လုပ်ဆောင်ချက်ကနည်းပါးခြင်းကြောင့် ကျယ်ကျယ်ပြန့်ပြန့် အသုံးမပြုခဲ့ပေ။
֍ သို့သော်လည်း ၎င်းသည် ဆက်သွယ်ရေးနှင့် ကွန်ပျူတာလုပ်ဆောင်ချက်များကို တစ်ခုတည်းသော ကိရိယာအဖြစ် ပေါင်းစပ်ထားပြီး ယနေ့ခေတ် စမတ်ဖုန်းများ ဖြစ်ပေါ်လာရေးအတွက် အခြေခံအုတ်မြစ်ဆိုရင်လည်း မမှားပေ။

image