မန်စီးတီးအသင်းအနေနဲ့ ဂျုဗင်တပ်အသင်းရဲ့ဘရာဇီးလ်ကွင်းလယ်ကစားသမားဒေါက်ကလပ်စ်လူးဝစ်ကိုအသင်းကွင်းလယ်ပိုင်းမှာခေါ်ယူအားဖြည့်ဖို့စဉ်းစားသုံးသပ်နေပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ကွင်းလယ်ပိုင်းမာကျောဖို့ခေါ်ယူအားဖြည့်ချင်နေပြီး ၂၀၁၇-၁၉ ရာသီကာလမှာအသငး်နဲ့အတူရှိခဲ့ဖူးခဲ့တဲ့ဂျုဗင်တပ်အသင်းကွင်းလယ်ကစားသမားဒေါက်ကလပ်စ်လူးဝစ်ကိုခေါ်ယူဖို့စဉ်းစားသုံးသပ်နေတယ်လို့ The Athletic သတင်းကဖော်ပြခဲ့ပါတယ်။

ဒေါက်ကလပ်လူးဝစ်ဟာ အက်စတွန်ဗီလာအသင်းကနေ ဂျုဗင်တပ်အသင်းဆီပြီးခဲ့တဲ့နွေရာသီကာလတုန်းကပြောင်းရွှေ့သွားခဲ့ပေမဲ့ အဆိုပါအသက် ၂၆ နှစ်အရွယ်ဘရာဇီးလ်ကစားသမားအနေနဲ့ အီတလီစီးရီးအေလိဂ်မှာပုံစံကောင်းမပြသနိုင်ခဲ့ဘဲ ဒီရာသီကာလမှာ ၁၆ ပွဲသာပါဝင်ကစားခွင့်ရထားခဲ့တာဖြစ်ပါတယ်။

မန်ချက်စတာစီးတီးအသင်းအနေနဲ့ ဒေါက်ကလပ်စ်လူးဝစ်ကိုအသင်းဆီရာသီကုန်အထိ အပြီးသတ်ဝယ်ယူခွင့်မပါဝင်ဘဲ အငှားခေါ်ယူဖို့ရှိနေပေမဲ့ ဂျုဗင်တပ်အသင်းကတော့ အဆိုပါကစားသမားကိုအပြီးသတ်ဝယ်ယူခွင့်အပါအဝင်အငှားချထားတဲ့ပုံစံမျိုးနဲ့ပိုလက်လွှတ်ချင်နေတာဖြစ်တယ်လို့သတင်းတွေကဖွင့်ဟခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image