အဂ်လန်ပရီးမီးယားလိဂ်ကလပ်အသင်းကြီးချဲလ်ဆီးအသင်းဟာ ထရေဗိုချာလိုဘာကို ခရစ်တယ်ပဲလေ့စ်အသင်းဆီအငှားချထားရာကနေပြန်လည်ခေါ်ယူခဲ့ပြီးနောက် အဆိုပါကစားသမားကိုရောင်းစျေးပေါင်သန်း ၄၀ အထိသတ်မှတ်ခဲ့ပါတယ်။

ချာလိုဘာဟာ ပြီးခဲ့တဲ့နွေရာသီကာလမှာခရစ်တယ်ပဲလေ့စ်အသင်းဆီ ချဲလ်ဆီးအသင်းကနေ တရာသီအငှားစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့ပေမဲ့ ပြန်လည်ခေါ်ယူနိုင်တဲ့အချက်အလက်ပါရှိခဲ့တာဖြစ်ပါတယ်။

လက်ရှိမှာတော့ ခြင်္သေ့ပြာအသင်းအနေနဲ့ နောက်ခံလူ ၂ ယောက်ဖြစ်တဲ့ဝက်စလေဖိုဖာနဲ့ ဘာဒီယာချီလ်တို့ဟာဒဏ်ရာပြသနာကြုံတွေ့နေရတာကြောင့် ချဲလ်ဆီးအသင်းအနေနဲ့အသင်းဆီပြန်လည်ခေါ်ယူတဲ့အချက်ကိုအသုံးပြုခဲ့တာဖြစ်ပါတယ်။

ချဲလ်ဆီးအသင်းဟာ ခရစ်တယ်ပဲလေ့စ်အသင်းကနေပြန်လည်ခေါ်ယူလိုက်တဲ့ အဂ်လန်နောက်ခံကစားသမားချာလိုဘာအတွက်ပြောင်းရွှေ့ကြေး ပေါင်သန်း ၄၀ သတ်မှတ်ထားခဲ့ပြီး ခြင်္သေ့ပြာအသင်းအနေနဲ့ အဆိုပါကစားသမားကိုရောင်းချရာကနေ ငွေကြေးပမာဏဒီထက်မကပိုရဖို့မျှော်လင့်နေတာဖြစ်တယ်လို့ The Sun သတင်းက ဖွင့်ဟခဲ့ပါတယ်။

တကယ်လို့ဘယ်အသင်းမဆို ချာလိုဘာအတွက်ချဲလ်ဆီးအသင်းသတ်မှတ်ထားတဲ့ ပမာဏကိုပေးချေဖို့အဆင်သင့်ဖြစ်မယ်ဆိုရင်တော့ အဆိုပါကစားသမားကိုခြင်္သေ့ပြာအသင်းကနေခေါ်ယူဖို့အခွင့်အရေးရှိနေတာဖြစ်ပါတယ်။

ခရစ်တယ်ပဲလေ့စ်အသင်းအနေနဲ့ ချဲလ်ဆီးအသင်းသတ်မှတ်ထားတဲ့ပမာဏကိုရာနှုန်းပြည့်ပေးချေနိုင်ဖို့မရှိဘဲ အဆိုပါကစားသမားအတွက်လည်း တပတ်လုပ်ခလစာပေါင် ၇ သန်းနီးပါးပေးချေဖို့လည်းမရှိတာဖြစ်ပါတယ်။
 
#ဘောလုံးသတင်းစုံ

image