16 w - Translate

ဘင်ဖီကာ-ဘာစီလိုနာပွဲကတော့ 2025 ရဲ့အကောင်းဆုံးသော ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲလို့တော့ဆိုရပါမယ်။ ဂိုးရလဒ်ကြည့်ပြီး ဂိုးတွေမြိုင်မြိုင်ဆိုင်ဆိုင်သွင်းကြတာကို ရင်ခုန်စွာနဲ့ကြည့်ခဲ့ရသလို ပွဲစဉ်တောက်လျှေက်ကြည့်တဲ့သူတွေကလည်း ပွဲပြီးတဲ့အထိကို စိတ်လှုပ်ရှားနေခဲ့မှာပါ။ ဂိုးပေါင်း ၉ ဂိုးအထိ သွင်းခဲ့ကြပြီး ဒီရာသီ ချန်ပီယံလိဂ်ရဲ့ အကောင်းဆုံးပွဲ၊ အကောင်းဆုံးComeback ပွဲလို့တောင် ဆိုနေကြပါတယ်။
Barca တို့ကတော့အမြဲ Comeback king တွေလို့တောင်ပြောရမယ့်ပုံပါပဲ။ PSG နဲ့တုန်းကရော အခုရောပါပဲ။ ၄-၂ နဲ့ရှုံးနိမ့်နေပြီးမှ ၄-၅ ပြန်ဖြစ်စေခဲ့တာပါ။ဒီနေ့ပွဲမှာအဓိကချီးကျူးချင်တာကတော့ ဘာစီရဲ့တောင်ပံကစားသမား ရာဖင်ဟာပဲဖြစ်ပါတယ်။ဒီကစားသမားဟာဆက်တိုက်ဆိုသလို ခြေစွမ်းကိုပြနေခဲ့တာပါ။ဒီနေ့ပွဲမှာလည်း
ရာဖင်ဟာ ခြေစွမ်းပြခဲ့ပြီး နှစ်ဂိုးသွင်းပေးခဲ့ကာ အနိုင်ဂိုးကလည်း သူပါပဲ။ ဘရာဇီးလ်သားရဲ့ ဒီရာသီခြေစွမ်းကလည်း တကယ်ကိုချီးကျူးရပါမယ်။
အကြိမ်ကြိမ်ဦးဆောင်ခံခဲ့ရပြီး နှစ်ဂိုးအသာနဲ့ ရှုံးနေတာကိုမှ ပြန်အနိုင်ယူခဲ့တာကိုတော့ ချီးကျူးစရာပါ။
ဒီနေ့ပွဲရဲ့အနိုင်ကြောင့် PlayOff အဆင့်ကိုကျော်လွှားနိုင်ခဲ့ပြီး နောက်တစ်ဆင့်ကိုတိုက်ရိုက်တက်လှမ်းနိုင်ခဲ့ပါတယ်။

image