25 w - Translate

ဘိုင်ဒင်ရဲ့နောက်ဆုံးမိနစ်_လွတ်ငြိမ်းခွင့်
------------------------------------------------------------
ထရမ့် ဒုတိယအကြိမ်တက်လာမှာကို ဂယက်တွေက အံ့မခန်း-
အခုနောက်ဆုံးတစ်ခုက ရာထူးကမဆင်းခင်လေး ဘိုင်ဒင်ကြီးက
ဗိုလ်ချုပ်ကြီး မတ်မီလီ၊ ဒေါက်တာ အန်တိုနီဖော်ချီနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၆ ရက်နေ့ ကက်ပီတို တိုက်ခိုက်မှု စုံစမ်းစစ်ဆေးရေးကော်မတီဝင် လွှတ်တော်အမတ်တွေကို ကြိုတင်လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်တာပါ။
အမေရိကန်သမ္မတသမိုင်းမှာ မကြုံစဖူး သမ္မတအာဏာပြခန်းပေါ့၊ မလုပ်လို့လည်းမရ ထရမ့်က လက်စားချေဖို့ ကတိပြုထားတဲ့ ရီပတ်ဘလီကန်အမတ်ဟောင်း လစ်ဇ်ချေနီ အပါအဝင် ထရမ့်ကို ပြောင်ပြောင်တင်းတင်း ပြောဆိုဝေဖန်သူ အများအပြားကို ကာကွယ်ဖို့ ဒီလိုလုပ်မှဖြစ်မယ် ဆိုတယ်။
နိုင်ငံရေးလှုံ့ဆော်မှုနဲ့ အခြေအမြစ်မဲ့ စုံစမ်းစစ်ဆေးမှုတွေဟာ ပစ်မှတ်ထားခံရသူနဲ့ မိသားစုတွေရဲ့ ဘဝ၊ ဘေးကင်းရေးနဲ့ ငွေကြေးလုံခြုံမှုတို့ကို ထိခိုက်စေမယ်လို့ ပြောတယ်။
ထရမ့်ကလည်း ထရမ့်ပါ- ရာထူးရတာနဲ့ ရန်ဘက်တွေကို ချက်ချင်းတရားစွဲဖို့ လုပ်နေတယ်။
ဒေါက်တာဖော်ချီက ထရမ့် ပထမသမ္မတသက်တမ်းအတွင်း Covid ကာလအပါအဝင် ဆယ်စုနှစ်ချီ နိုင်ငံတော်အဆင့် ကူးစက်ရောဂါဆိုင်ရာဌာန ဒါရိုက်တာလုပ်ခဲ့သူ အဲ့ဒီကထဲက ထရမ့်နဲ့ ဖေါ်ချီ အယူအဆ မတူလို့ ရန်ဖြစ်ခဲ့တာ တခြိမ်းခြိမ်း၊ ထရမ့်ကိုယ်တိုင် ကိုဗစ်နှစ်ခါဖြစ် အမေရိကန်တွေလည်း သောက်သောက်လဲသေနဲ့၊ အဲ့ဒါကြောင့်လည်း ထရမ့်နှစ်ခါဆက်တိုက် သမ္မတ မဖြစ်ခဲ့တာ၊ အခု ထရမ့် ကျန်းမာရေးဝန်ကြီး ခန့်ထားတဲ့ ကနေဒီ ဂျူနီယာဆိုတာ ဖေါ်ချီနဲ့ ကမ္ဘာ့ရန်။
ဗိုလ်ချုပ်ကြီးမီလီကလည်း ထရမ့်ပထမသက်တမ်းမှာ ပူးတွဲစစ်ဦးစီးချုပ်များဥက္ကဌ ခန့်ခဲ့သူ၊ အတူလုပ်ခဲ့ပြီး အကြောင်းသိသွားတော့ ဘိုင်ဒင့်လက်ထက်မှာ ထရမ့်ဟာ ဖက်ဆစ်ဝါဒီမို့ သမ္မတ မဖြစ်ထိုက်လို့ ပြောထားသူ(အဲဒီအကြောင်း အပြည့်အစုံလည်း အခုမြန်မာပြန်‌နေတဲ့ Bob Woodward ရဲ့ WAR မှာ ပါပါတယ်-ဤကားကြော်ငြာ)
ဖေါ်ချီကော မီလီပါ ဘိုင်ဒင့်ကို ကျေးဇူးတင်တယ်လို့ ပြောကြပါတယ်။
ဘိုင်ဒင်က ဒီလွတ်ငြိမ်းချမ်းသာခွင့်ဟာ အပြစ်ရှိကြောင်း ဖော်ပြတာ မဟုတ်ဘူးဆိုတယ်။
သူတို့ဟာ တာဝန်ကျေပြွန်တဲ့ ပြည်သူ့ဝန်ထမ်းကောင်းတွေဖြစ်ပြီး နိုင်ငံအတွက် မမောမပန်း ကတိပြုထမ်းဆောင်ခဲ့တဲ့အတွက် ကာကွယ်ပေးရမယ့် ကျေးဇူးကြွေးတွေ တင်နေတယ်လို့ ဘိုင်ဒင်က ပြောတယ်။
ဒီလောက်ကြီးကျယ်တဲ့ အတိုင်းအတာနဲ့ ကြိုတင် လွတ်ငြိမ်းချမ်းသာခွင့်ကို အရင်က တစ်ခါမှ မထုတ်ပြန်ဖူးပါ။ သမ္မတ ဂျယ်ရာဖို့ဒ်က သူ့အရင်သမ္မတ ရစ်ချတ် နစ်ဆင်ကို လွတ်ငြိမ်းချမ်းသာခွင့် ပေးလိုက်ချိန်မှာ နစ်ဆင်ဟာ တရားစွဲခံရမယ့် ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေရတယ်။
ဘိုင်ဒင်ရဲ့စာရင်းမှာပါတဲ့သူ ဘယ်သူမှ မကြာခင် တရားဥပဒေအရ အရေးယူခံရမည့်အန္တရာယ် မပေါ်သေးပေမယ့် ခြိမ်းခြောက်မှုအရ အကာအကွယ် အမှန်တကယ်လိုတယ်လို့ ဘိုင်ဒင်က ယူဆသတဲ့။
ထရမ့်ကလည်း ကက်ပီတိုအဓိကရုဏ်းနဲ့ ဆက်နွှယ်တဲ့ ရာဇ၀တ်မှုတွေအတွက် ပြစ်ဒဏ်ချမှတ်ခံရသူတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးဖို့ စီစဉ်ထားတယ်။
ဒီသမ္မတနှစ်ယောက်လက်ထက်မှ အမေရိကန်ဟာ တော်တော်ကြီးကို ရုပ်ပေါက်နေတယ်လို့ ပြောရတော့မှာပဲ။

image