ဦးချစ်မောင်လမ်းမပေါ်က ပွဲစျေးတန်းကြီး…🎡✨
ရန်ကုန်ရောက်တုန်း ပွဲစျေးတန်းက မုန့်လေးတွေ
စားချင်နေတဲ့ ဆန္ဒပြည့်သွားပြီ.. 🫢
Street Food ဆိုင်လေးတွေကလည်းစုံလို့… ပွဲစျေးရောက်ရင်မပါမဖြစ် ဘူးသီးဖယ်စားဖြစ်တဲ့ ဘူးသီးကြော် 👀
လူကြိတ်ကြိတ်တိုး စားကြတဲ့ မြောင်းမြ မုန့်ဟင်းခါး ♨️
အညာမြေက မုန့်ပြားသလပ်၊ မုန့်လင်မယား နဲ့ မြန်မာမုန့်အစုံ♨️
ချဉ်ငံစပ် ငါးဖယ်အစာသွပ် နဲ့ ပဲပြားအစာသွပ်
အမဲအူတုတ်ထိုး၊ ဝက်သားတုတ်ထိုး နဲ့ စမူဆာသုပ်
အချဉ်မြင်ပြီး သရေကျမယ့် ထိုင်းစတိုင် ကြက်ကြောလုံးပေါင်း
အသေအလဲခြစ်တဲ့ ရေခဲခြစ်သည်ဆိုလည်း ရောင်းလိုက်ရတာ ဝက်ဝက်ကွဲ 🫢
ပြီးတော့ ဂိမ်းကစားပြီး အရုပ်လဲလို့ရမယ့် နေရာတွေ၊ ခြားရဟတ်ကြီးတွေနဲ့ 🎡
၅၀၀၀ မကျော်တဲ့ အဝတ်အစားတန်းတွေပါ အပြည့်… ✨
ပွဲစျေးလျှောက်ခဲ့တာကတော့ ဗဟန်း ဦးချစ်မောင်လမ်း တောက်လျှောက်ကနေ အနောက်မြင်းပြိုင်ကွင်းလောက်ထိပဲ…✨ပွဲစျေးက အဲ့နားမှာတင် ၂ခု၊ ၃ခုလောက် ဆက်နေတာ..
