ဗဟိုဘဏ်က ထိုင်းဘတ် ၁ ဒသမ ၉၁၅ သန်း ထပ်မံထုတ်ရောင်း
သွင်းကုန်လုပ်ငန်းရှင်များအတွက် ဗဟိုဘဏ်မှ ယမန်နေ့တွင် ထိုင်းဘတ် ၁ ဒသမ ၉၁၅ သန်း ဗဟိုဘဏ်ထပ်မံထုတ်ရောင်းပေးခဲ့ကြောင်း ထုတ်ပြန်ထားသည့်စာရင်းများအရ သိရသည်။
ယခု ဇန်နဝါရီလဆန်ပိုင်းမှစတင်ကာ နိုင်ငံခြားငွေလဲလှယ်နှုန်းသည် တတ်ရိပ်ပြလာခဲ့ပြီးနောက် ဗဟိုဘဏ်မှ နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဒေါ်လာ၊ ဘတ်နှင့် ယွမ်ငွေများကို ဆက်တိုက်ထုတ်ရောင်းပေးခဲ့ကြောင်း သိရသည်။
နိုင်ငံခြားငွေကြေးဈေးကွက်အတွင်း ဇန်နဝါရီလ (၂) ရက်မှ (၂၀) ရက်အထိ သုံးပတ်အတွင်း ဗဟိုဘဏ်အနေဖြင့် ဒေါ်လာ (၁၀၈ ဒသမ ၉၁၁) သန်း ရောင်းချပေးခဲ့သလို ထိုင်းဘတ် (၈ ဒသမ ၉၄၇)သန်းနှင့် တရုတ်ယွမ် (၄ ဒသ မ ၄၈၃) သန်း ထုတ်ရောင်းပေးထားသည်။
ယနေ့ဈေးကွက်အတွင်း တစ်ဒေါ်လာ (၄၆၄၀) ကျပ်၊ ထိုင်းဘတ် တစ်ဘတ် (၁၃၆) ကျပ်၊ တရုတ်ယွမ် တစ်ယွမ် (၆၃၇) ကျပ် ဖြစ်ပေါ်နေကြောင်း သိရသည်။
