25 ပတ် - ဘာသာပြန်ပါ။

မန်စီးတီးကို ကူညီပေးရန်ရောက်လာခဲ့ဟု ခူဆာနော့ဗ်ပြော
------------------------------
မန်စီးတီးအသင်းကို ရောက်ရှိလာတာက ကစားသမားဘဝ တိုးတက်ဖို့နဲ့ အသင်းကို ချန်ပီယံဆုဖလားတွေ ရယူရာမှာ ကူညီပေးနိုင်ဖို့ ဖြစ်တယ်လို့ နောက်ခံလူသစ် ခူဆာနော့ဗ်က ပြောကြားလိုက်ပါတယ်။ အသက် ၂၀ အရွယ် ဥဇဘက်နောက်ခံလူဟာ မန်စီးတီးအသင်းဆီကို ၄ နှစ်ခွဲစာချုပ်နဲ့ပြောင်းရွှေ့လာခဲ့တာဖြစ်ပြီး မန်စီးတီး အသင်းဟာ ခူဆာနော့ဗ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၃၃ ဒသမ ၆သန်းနဲ့ အပိုဆုကြေးပေးရမှာဖြစ်ပါတယ်။

မန်စီးတီးလိုအသင်းနဲ့ ပူးပေါင်းခွင့်ရတာက ပျော်ရွှင်စရာကောင်းသလို အသင်းနဲ့အတူ ကစားသမားဘဝ တိုးတက်မှု တွေရလာမယ်လို့ ယုံကြည်ကြောင်း အသင်းသစ်နဲ့ အင်တာဗျူးမှာ ခူဆာနော့ဗ်ကပြောသွားခဲ့ပါတယ်။ မန်စီးတီး အသင်းက ဆုဖလားတွေအတွက် ပြိုင်ပွဲဝင်နေတဲ့ အသင်းဖြစ်ပြီး အသင်းကို ဆုဖလားတွေရယူနိုင်ဖို့ကို အကောင်း ဆုံး ကူညီပေးသွားမှာဖြစ်တယ်လို့လည်း ခူဆာနော့ဗ်က ပြောပါတယ်။

ပရီးမီးယားလိဂ်မှာ ကစားခွင့်ရတဲ့ ပထမဆုံး ဥဇဘက်ကစ္စတန်နိုင်ငံသားဖြစ်တဲ့ ခူဆာနော့ဗ်ဟာ မန်စီးတီး အသင်းမှာ ကျောနံပါတ် ၄၅ ကိုဝတ်ဆင်ကစားသွားမှာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ကို နောက်ထပ် ဥဇဘက် ကစ္စတန်ကစားသမားတွေ ရောက်လာနိုင်ဖို့ကိုလည်း မျှော်လင့်ထားတယ်လို့ ခူဆာနော့ဗ်ကပြောသွားခဲ့ပါတယ်။

image