25 w - Translate

ထိုင်းဝန်ကြီးချုပ်ကမ္ဘာ့စီးပွားရေးဖိုရမ်တက်ရန် ဆွစ်ဇာလန်သို့ရောက်ရှိ

ဇူးရစ်ချ်၊ဇန်နဝါရီ ၂၀

ထိုင်းဝန်ကြီးချုပ် ပေတုန်တန်ရှင်နာဝပ်ထရာသည် ၂၀၂၅ ခုနှစ်အတွက်ကျင်းပမည့် ကမ္ဘာ့စီးပွားရေးဖိုရမ်ကိုတက်ရောက်ရန် ဆွစ်ဇာလန်နိုင်ငံ ဇူးရစ်ချ်မြို့လေဆိပ်သို့ ဇန်နဝါရီလ ၂၀ ရက်နေ့ကရောက်ရှိခဲ့ကြောင်းသိရသည်။

အဆိုပါ ကမ္ဘာ့စီးပွားရေးဖိုရမ်နှစ်ပတ်လည်အစည်းအဝေးကို ဆွစ်ဇာလန်နိုင်ငံ ဒါးဗို့မြို့၌ ဇန်နဝါရီလ ၂၀ ရက်မှ ၂၄ ရက်နေ့အထိ ပြုလုပ်ကျင်းပသွားမည်ဖြစ်သည်ဟုလည်းသိရသည်။

ယင်းနှစ်ပတ်လည်အစည်းအဝေးအပြင် မစ္စပေတုန်တန်သည် ဇန်နဝါရီလ ၂၃ ရက်နေ့တွင် ထိုင်းကိုယ်စားလှယ်များနှင့် ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်းကိုယ်စားလှယ်များအကြား လက်မှတ်ရေးထိုးမည့် လွတ်လပ်သောကုန်သွယ်မှုသဘောတူစာချုုပ်၏ မျက်မြင်သက်သေအဖြစ်ပြုလုပ်မည်ဟုလည်းသိရသည်။

ဥရောပလွတ်လပ်သောကုန်သွယ်မှုအသင်း၌ လက်ရှိတွင် အဖွဲ့ဝင်လေးနိုင်ငံရှိပြီး ၎င်းတို့မှာ အိုက်စ်လန်၊လင့်ခ်တင်စတိုင်း၊နော်ဝေးနှင့် ဆွစ်ဇာလန်တို့ဖြစ်ကြသည်။

image