*နိုင်ငံသားတို့ကိုယ်တိုင်
ဒီမိုကရေစီသမားတို့ကမူ သာမန် အခြေအနေရော၊ အရေးပေါ်အခြေအနေ ဆိုတာမျိုးတွင်ပါ ဒီမိုကရေစီ အခွင့်အရေးများအား ထိန်းသိမ်း ကာကွယ်သော အလုပ်ကို တရားရုံးများ တရားသူကြီးများ သို့သာ လွှဲအပ်မထားဘဲ နိုင်ငံသားတို့ကိုယ်တိုင်က ဥစ္စာရင်လို ဥစ္စာရင်ခဲ ဆောင်ရွက်ကြဖို့ လိုသည်ဟု ဆိုသည်။
လူတစ်ဦးချင်းတို့အနေဖြင့် လည်းကောင်း၊ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ ပြည်သူ့လွတ်လပ်ခွင့်များ ထိန်းသိမ်း ကာကွယ်ရေးအဖွဲ့ စသည့် အဖွဲ့အစည်းများအနေဖြင့် လည်းကောင်း၊ ရပိုင်ခွင့်များ ထိပါးခံရသည့် ကိစ္စတိုင်းတွင် ထိထိရောက်ရောက် တောင်းဆိုခြင်း၊ ဝေဖန်ကန့်ကွက်ခြင်း၊ နောက်ထပ် မဖြစ်ပေါ်ရအောင် တားဆီးခြင်းများ ပြုလုပ်ခြင်းဖြင့်သာ ရှေးအစဉ်အဆက် နိုင်ငံတကာမှ တိုက်ပွဲဝင်သူတို့ ရယူပေးထားသည့် ပြည်သူ့ရပိုင်ခွင့်များ မပျောက်ပျက်အောင် စောင့်ရှောက်နိုင်ကြမည်ဟု တိုက်တွန်း ပြောဆိုကြပေသည်။