Kung Fu Dunk [2008]
ဒီတရုတ်ကားလေးကတော့ ၂၀၀၈ ခုနှစ်တုန်းက ထွက်ခဲ့တဲ့ ဇာတ်ကားလေးဖြစ်ပြီးတော့ နာမည်ကြီးအဆိုတော် သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ကျိုးကျယ်လွမ် Jay Chou ရဲ့ ကွန်ဖူးသုံးပြီး ဘတ်စကတ်ဘော ကစားတဲ့ ဇာတ်ကားလေးပဲ ဖြစ်ပါတယ်။
ပြီးတော့ တခြားနာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ Twinkle Twinkle little star ထဲက ကျန်းလီ Eric Tsang က ဇာတ်ပိုသရုပ်ဆောင်အနေနဲ့ ပါဝင်ထားပြီး စတီဗင်ချောင်ရဲ့ ဘော်ဒါကြီး အန်ကယ်တက်က ဧည့်သည်သရုပ်ဆောင် သဘောမျိုး ပါဝင်ထားပါတယ်။
စတီဗင်ချောင်ရဲ့ Shaolin Soccer ကို ကြိုက်တယ်ဆိုရင် ဒီဇာတ်ကားကိုလည်း ကြိုက်မယ်ဆိုတာ ရဲရဲကြီး အာမခံပါတယ်။
#movie crd
