25 ပတ် - ဘာသာပြန်ပါ။

မိုင် ၄၀၀ မောင်းနှင်နိုင်တဲ့ နေရောင်ခြည် စွမ်းအင်သုံး ကား
=================================
လက်ရှိမှာ လျှပ်စစ်ကားများစွာ ထွက်ပေါ်နေပေမယ့် နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားက တော်တော် ရှားပါသေးတယ်။ အခုတော့ Consumer Electronics Show (CES) 2025 မှာ Aptera က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ပြသလိုက်ပါတယ်။
ကားမှာ 700W Solar Cells တပ်ဆင်ထားပြီး နေရောင်ခြည် စွမ်းအင်နဲ့ နေ့စဉ် မိုင် ၄၀ မောင်းနိုင်ပါတယ်။ အားအပြည့်သွင်းထားရင် မိုင် ၄၀၀ တောင် မောင်းနှင်နိုင်ပါတယ်။ အဲဒီအတွက် ခရီးဝေး သွားနိုင်သလို နေ့စဉ် ကားမောင်းဖို့အတွက် အဆင်ပြေပါတယ်။
ကားရဲ့ Aerodynamics ဒီဇိုင်းက တော်တော်မိုက်ပြီး လေခွင်းအား ကောင်းမွန်ပါတယ်။ ကားရဲ့ လေနဲ့ ပွတ်တိုက်မှု စံနှုန်းဟာ ၀.၁၃ ပဲ ရှိပြီး Tesla Model 3 ရဲ့ ၀.၂၃ ထက် ပိုနည်းပါတယ်။
Aptera က နေရောင်ခြည် စွမ်းအင်သုံး လျှပ်စစ်ကားကို ရောင်းချမယ့် အချိန်ကို မပြောသေးပါဘူး။

image