16 ပတ် - ဘာသာပြန်ပါ။

ထိုင်းရဲစခန်းတစ်ခုကခိုးယူလာတဲ့လက်နက်တွေကို ကရင်လက်နက်ကိုင်အဖွဲ့အစည်းတစ်ခုထံ ရောင်းချခဲ့တဲ့ ထိုင်းအမျိုးသမီး အဖမ်းခံရ

ဇန်နဝါရီ ၂၁

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ရဲစခန်းတစ်ခုက ခိုးယူလာတဲ့ မောင်းပြန်ရိုင်ဖယ် ၄၃ လက်ကို ဝယ်ယူခဲ့တဲ့ ထိုင်းအမျိုးသမီးတစ်ဦးကို ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ပါတယ်။

အဲဒီထိုင်းအမျိုးသမီးဟာ အဆိုပါလက်နက်ငယ်တွေကို တာ့ခ် ပြည်နယ် အန်ပန်းခရိုင်နဲ့ နယ်နိမိတ်ထိစပ်နေတဲ့ ကရင် လက်နက်ကိုင်အဖွဲ့တွေထံ ပြန်လည်ရောင်းချဖို့အတွက် ဝယ်ယူခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

အန်ပန်းခရိုင် တမ်ဘွန်အန်ပန်းမှာရှိတဲ့ နေအိမ်မှာ အသက် ၄၉ နှစ်အရွယ်ရှိ ဝိုရာဝန်ဆိုသူ အမျိုးသမီးကို မှုခင်းနှိမ်နှင်း ရေး ရဲတပ်ဖွဲ့ (CSD) က သွားရောက်ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။

၂၀၂၂ ခုနှစ် ဒီဇင်ဘာလအတွင်း ဘန်ကောက်မြို့တော် ဘန်ခန်းခရိုင်က နယ်ခြားစောင့်ရဲတပ်ဖွဲ့ဌာနချုပ်မှာရှိတဲ့ M16 မောင်းပြန်ရိုင်ဖယ် ခိုးယူခံရမှုနဲ့ ပတ်သက်ပြီး ကာလရှည် စုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေပြီးနောက်မှာ အခုလို ဖမ်းဆီးခဲ့ တာဖြစ်ပါတယ်။

သေနတ်သူခိုးကို ဖော်ထုတ်ပြီးနောက်မှာ ရဲတပ်ကြပ်နရူဘတ် (အမည်လွှဲ) နဲ့ ကြံရာပါ ရဲတပ်ဖွဲ့ဝင် ၇ ဦးကို ဖမ်းဆီးခဲ့ တယ်လို့ ဆိုပါတယ်။

ရဲတပ်ကြပ်နရူဘတ်ဟာ အဲဒီ M16 မောင်းပြန်ရိုင်ဖယ် ၄၃ လက်ကို ဒုတိယရဲမှူးကြီး နခါရင် (အမည်လွှဲ) ထံ အသုတ် နှစ်သုတ်ခွဲ ရောင်းချခဲ့ပြီး ဒုတိယရဲမှူးကြီး နခါရင်က အဲဒီလက်နက်တွေကို ဝိုရာဝန်ထံ ပြန်လည်ရောင်းချခဲ့တာဖြစ်တယ် လို့ ဆိုပါတယ်။

နောက်ပိုင်းမှာတော့ ဝိုရာဝန်ဟာ အဲဒီလက်နက်ငယ်တွေကို နယ်စပ်ဖြတ်ကျော်ပြီး ကရင်လက်နက်ကိုင်အဖွဲ့ထံ ရောင်းချ ခဲ့တာဖြစ်ကြောင်း မှုခင်းနှိမ်နှင်းရေး ရဲတပ်ဖွဲ့ (CSD) က ပြောပါတယ်။

ဝိုရာဝန်ကို နောက်ထပ်လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ဖို့အတွက် ဘန်ကောက်မှာရှိတဲ့ မှုခင်းနှိမ်နှင်းရေးရဲတပ်ဖွဲ့ (CSD) ရုံးကို ခေါ်ဆောင်သွားပါတယ်။

Ref: Thai woman arrested over sale of stolen police guns to Karen

#centralnewsnaypyitaw

image