အစပ်မပါရင် ဘာစားစား အာမထိလျှာမထိ ဖြစ်တတ်တဲ့ ကိုယ်ဟာ real spicy lover တစ်ယောက်ပါ 😁
ချက်နည်းကတော့ အရမ်းကို ခက်ပါတယ် နော် 😁
ငရုတ်သီးစိမ်း ၇၀၀ ဖိုးကို အညှာချွေ ရေဆေး မညက်တညက် ကြိတ်ထား
ကြက်သွန်နီ၅ဥ ကြက်သွန်ဖြူ ဗမာဥ ၃ဥ ကိုအခွံခွာရေဆေးပြီး ကြိတ်ထား
ပုဇွန်ခြောက် လက်တစ်ဆုပ်ပြည့်ပြည့်ကို လဲ ညက်ညက်လေး ကြိတ်ထား
အားလုံးပြီးရင်တော့
ဆီအိုးတည် ဆီပူလာရင် ကြိတ်ထားတဲ့ ကြက်သွန်နီဖြူ ကို နနွင်းနဲ့ဆီသတ် ကြက်သွန်တွေ လိပ် လာရင် ကြိတ်ထားတဲ့ ပုဇွန်ခြောက်နဲ့ငရုတ်သီးစိမ်းတွေကို ကိုထည့်ပြီးဆီသတ်ပေးပါ ငရုတ်သီးစိမ်းနွမ်းပြီးအိလာရင် ငံပြာရည် အရသာမှုန့် ကို မိမိစိတ်ကြိုက် ထည့် ရေလေးနည်းနည်းထပ်ထည့်ပြီး ရေခမ်းဆီပြန်လာအောင်တည် ပါ
ဆီပြန်လာရင်တော့ အရမ်းကို ထိမိဂွိစားမြိန်တဲ့ ငရုတ်သီးစိမ်းငံပြာရည်ချက် တစ်ခွက်ရပါပြီ ရှင် 😁
အတို့စုံလေးရယ် အချဥ်ဟင်းတစ်ခွက်ဖြစ်ဖြစ် ပဲဟင်းချိုလေးတစ်ခွက်ဖြစ်ဖြစ် ငါးခြောက်ဖုတ်ဆီစိမ် လေးနဲ့သာ တွဲဖက်စားလိုက်လို့ကတော့ လျှာနတ်ပြည်ထိပြီ လေ နော် 😁
Crd Cicutalay
