16 ပတ် - ဘာသာပြန်ပါ။

‎ပါဝင်ပစ္စည်း (၂)မျိုးထဲနဲ့ ချောကလက် Mousse ကိတ်ပြုလုပ်နည်းလေးဝေမျှပေးလိုက်တယ်နော်

‎Oven မလိုပဲရေခဲသေတ္တာအသုံးပြုပြီးအလွယ်တကူပြုလုပ်လို့ရတာမို့လုပ်စားကြည့်နော်..

‎ပါဝင်ပစ္စည်းများ
‎Chocolate - 300g
‎Whipping cream - 2 ½ cup (600g);
‎(chilled and divided into
‎1 cup (240g) and 1 ½ cup (360g)

‎Whipping ခရင်မ် 240 g ကိုအပူပေးပြီး ချောကလက်ဇလုံထဲသို့လောင်းထည့်ပါ။

‎ချောကလက်များအရည်ပျော်လာပြီးခရင်မ်နှင့်ပေါင်းစပ်ပြီး (၂-၃) မိနစ်လောက်ချောမွေ့လာသည်အထိမွှေပေးပါ။

‎Cold Whipping Cream ကို အလယ်အလတ်အမြန်နှုန်းဖြင့် ခရင်မ်ဖြစ်သည်အထိမွှေပါ။

‎ပထမ‌မွှေထားတဲ့ချောကလက်ဇလုံထဲသို့ ခရင်မ်ထည့်ပြီး နှံ့စပ်အောင်မွှေပါ။

‎မိမိနှစ်သက်ရာဖန်ခွက်ထဲသို့ အညီအမျှထည့်ပြီး‌
‎‌ရေခဲသေတ္တာထဲတွင် (၃)နာရီကြာထားပါ။

‎Whipping Cream အပေါ်မှာတင်ပြီးအလှဆင်ပါ။
‎ပုံတစ်ပုံချင်းစီမှာအသေးစိတ်လုပ်နည်းလေးတွေပါပြပေးထားပါတယ်ဗျ။
#မြိန်မြိန်

image