25 w - Translate

အင်္ဂလန်နိုင်ငံ Plymouth မြို့၊မှာနေထိုင်တဲ့ အဘိုးအိုတစ်ဦးဟာ ၎င်း၏ နေအိမ်ရှိ ဧည့်ခန်းအောက်မှ နှစ်ပေါင်း ၅၀၀ ခန့်သက်တမ်းရှိပြီး ၁၇ ပေ ခန့်နက်တဲ့ ရေတွင်းတစ်တွင်းကို ရှာဖွေတွေ့ရှိခဲ့ပါတယ်။

ထို ရေတွင်းအတွင်းမှ ဘီစီ 16 ရာစုခန့် ကြေးခေတ် ဓားတစ်လက် နှင့် အေဒီ ၁၇၂၅ ခုနှစ်ခန့်က ပြုလုပ်ခဲ့သော ဒင်္ဂါးပြားများကို လည်း အံ့ဩဖွယ် ထပ်မံတွေ့ရှိခဲ့ပါတယ်။

သုတေသီများ၏ ခန့်မှန်းချက်အရ ယခုတွေ့ရှိခဲ့သော
ရေတွင်းသည် ရှေးခေတ်သူဌေးသူကြွယ်များ သို့မဟုတ် မင်းမျိုးမင်းနွယ်များပိုင်ဆိုင်ခဲ့သည့် နေရာဟောင်းတစ်ခုဖြစ်နိုင်တယ်လို့ဆိုပါတယ်။

အဘယ်ကြောင့်ဆိုသော် အလယ်ခေတ်နှင့် အလယ်ခေတ်နှောင်းပိုင်းကာလများတွင် ကိုယ်ပိုင် ရေတွင်းကို အိမ်၏ အခြေခံအဆောက်အဦးတွင် တူးဖော်နိုင်ခြင်းသည် အဆင့်အတန်းမြင့်မားသော မိသားစုများကသာ ပြုလုပ်နိုင်ကြတာကြောင့် ဖြစ်တယ်လို့ဆိုပါတယ်။

image