#ဒူးရင်းသာကူပြင်လုပ်နည်း


သာကူအလွှာအတွက် ပါဝင်ပစ္စည်းများ
သာကူ ၁ခွက် (250ml)
အုန်းနို့ 200ml (coconut cream)
နို့စိမ္း 100ml
သကြား 170ml
ဆား အနည်းငယ်
ရေ ၃ခွက်(750ml) (သာကူအမျိုးအစားပေါ်မူတည်ပီး ရေ ပမာဏ ကွာခြားနိုင်ပါတယ်)

ရေ တစ်ခွက်ကိုဆူအောင်တည်ပါ ရေဆူပီဆို သာကူကိုထည့်ပီး အဆက်မပြတ်မွှေပေးပါ သာကူ ပြစ်လာပီဆိုတာနဲ့ ရေနည်းနည်းစီထည့်ထည့်ပီး မွှေပေးပါ သာကူအစေ့ မပျောက်တပျောက် အထိရေထည့်လိုက် မွှေလိုက်လုပ်ရပါမယ်
သာကူစေ့မပျောက်တပျောက်ဆိုရင် အုန်းနို့ , နို့စိမ်း, သကြား , ဆား ထည့်မွှေပီး သာကူလည်းပြစ်လာပီဆိုရပါပီ

ထည့်မဲ့ခွက်ကို ထောပတ်လေးသုတ်ထားပေးပါ ပီးရင် ခုနက သာကူလောင်းထည့်ပီးညီအောင်ဖြန့်ထည့်လိုက်ပါ

ဒူးရင်းအုန်းနို့အလွှာအတွက်ပါဝင်ပစ္စည်းများ
ဒူရင်းအသား ၅မွှာ
အုန်းနို့ 400ml ( coconut milk)
နို့စိမ္း 125ml
ဂျုံမှုန့် 50ml
သကြား 170ml
ကြက်ဥ တစ်လုံး

အပေါ်က ပစ္စည်းအကုန်ကို blender ထဲထည့်ပီး မွှေလိုက်ပါ ပီးရင် ဇကာနဲ့စစ်ပီး အိုးထဲထည့်ပီးတည်ပါ မွှေပေးနေရပါမယ် ဒူရင်းအုန်းနို့ အနှစ်ပျစ်လာပီဆိုရင် ခုနက သာကူပေါ်ခင်းထည့်လိုက်ပါ
oven ကို 200'C နဲ့ ၁၀ မီနစ်အပူပေးထားပါ
ပီးရင် မုန့်ကို မီနစ်၃၀ လောက်ဖုတ်ပါမယ် အချိန်က oven အမျိုးအစားပေါ်မူတည်ပီးကွဲပြားနိုင်ပါတယ်
အရသာရှိသော ဒူရင်းသာကူပြင်လေးကို အိမ်မှာ အလွယ်တကူလုပ်စားလို့ရပါပီနော်

oven မရှိသူများက ဒယ်အိုးအဖုံးပေါ် မီးသွေးအရှိန်ပျင်းပျင်း တင်ပီး လုပ်လို့ရပါတယ်

image