မန်ချက်စတာယူနိုက်တက်အသင်းကပ္ပတိန်ကွင်းလယ်ကစားသမားဘရူနိုဖာနန်ဒက်ဇ်အနေနဲ့ သရဲနီအသင်းဖော်တွေကို ၁၃၁ နှစ်အတွင်းအဆုံးဝါးဆုံးအိမ်ကွင်းစွမ်းဆောင်ရည်မှတ်တမ်းတွေဖြစ်ခဲ့တာကိုရပ်တန့်ဖို့အတွက်ဒီထက်မကရဲရဲရင့်ရင့်ကစားကြရမယ်လို့ တိုက်တွန်းပြောဆိုလိုက်တာဖြစ်ပါတယ်။

ဘရူနိုဖာနန်ဒက်ဇ်ဟာ မန်ချက်စတာယူနိုက်တက်အသင်းအတွက်ပယ်နယ်တီကန်သွင်းယူခဲ့ပေမဲ့ ပွဲချိန် မိနစ် ၉၀ ပြည့်နောက်မှာ သရဲနီအသင်းဟာ ဘရိုက်တန်အသင်းကို ၁-၃ ဆိုတဲ့ရလဒ်နဲ့ရှုံးနိမ့်ခဲ့ပါတယ်။

ငါတို့ဂိုးလွယ်လွယ်မပေးခဲ့ရသင့်ပါဘူး။ငါတို့တိုက်စစ်ကိုဒီထက်ပိုကောင်းအောင်ကစားရပါမယ်။ဒီဟာကပရီးမီးယားလိဂ်ပါ။မြင်မားတဲ့ကစားပုံအရည်အသွေးတွေရှိရပါမယ်။

ငါတို့အချိန်တိုင်း ရာနှုန်းပြည့်အားစိုက်ကစားရမှာဖြစ်ပါတယ်။နောက်ဆုံးအချိန်အထိငါတို့ရဲရဲရင့်ရင့် ပိုကစားရမှာဖြစ်ပါတယ်။ကစားတဲ့နေရာကနေ ကွင်းမျဉ်းတွေကြားနေရာတွေမှာဘောလုံးထိန်းချုပ်ကစားဖို့ကျနော်ကြိုးစားပါတယ်။

လက်ရှိအချိန်မှာဖြစ်ခဲ့သလိုမျိုး ငါတို့ရဲ့ဂိုးသမားကို ဘောလုံးထိန်းကစားစေတာမျိုးလက်လွှတ်မထားသင့်ပါဘူး။ယုံကြည်မှုနဲ့ရဲရင့်မှုဟာ မှန်ကန်တဲ့အရာတွေကိုလုပ်ဆောင်ရာမှာအရေးပါတယ်လို့ကျနော်ယုံကြည်ပါတယ်။

မှားယွင်းမှာမကြောက်နဲ့။ဒီဟာက ဘောလုံးရဲ့အစိတ်အပိုင်းတခုပါ။ဒီလိုအရာတွေကိုလုပ်ဆောင်ဖို့ငါတို့ရဲရင့်ရပါမယ်။အရေးမကြီးတာကတော့ မင်းအနေနဲ့ဘယ်လောက်ပဲ့ဖိအားရှိနေပါစေ မန်ချက်စတာယူနိုက်တက်အသင်းမှာကစားရတာဟာ ဘယ်လောက်ခက်ခဲဒုက္ခရောက်နေပါစေ ဒီလိုအရာတွေကိုရဲရင့်မှုရှိရပါမယ်လို့ဘရူနိုဖာနန်ဒက်ဇ်က BBC Match of the Day အင်တာဗျူးမှာဘရိုက်တန်အသင်းကို ၁-၃ နဲ့ရှုံးနိမ့်ပြီးနောက် ပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image