ပျော်ရွှင်မှုဆိုတာ ဘာလဲ
နွေးထွေးကြင်နာမှု ဆိုတာကရော ….
အချစ်မခံခဲ့ရတဲ့ ကလေးတစ်ယောက်ဟာ
လူတွေကို ဘယ်လိုချစ်ရမလဲ ကောင်းကောင်းမသိဘူး ။ သံသယတွေ စိုးရိမ်ပူပန်မှုတွေ ပြစ်တင်သံတွေ
ဝမ်းနည်းမှုတွေ ပြည့်တင်းနေတဲ့ ဆက်ဆံရေးတစ်ခုမှာ ချစ်ခြင်းမေတ္တာလို့ ခေါင်းစဉ်တပ်ပြီးတော့တောင် ပျော်ရွှင်မှုဆိုတဲ့ အပိုင်းအစ ကိုရှာမတွေ့ခဲ့ဘူး ။ သူလဲ မပျော်ရ ကိုယ်လဲ မပျော်ရ နဲ့ ရှေ့ဆက်နေရတဲ့နေ့တွေမှာ သူလဲ ကိုယ့်ရဲ့ချုပ်ထိန်းမှုတွေအောက်မှာမွန်းကြပ်ခဲ့ရတယ် ။ သူမပျော်တာလေးကြည့်ပြီးတော့လဲ ကိုယ့်မှာ အခါခါနာကျင်ရတယ် ။
“ ချစ်ခြင်းမေတ္တာဟာ ဘာလဲ “ လို့ မေးတုန်းက
အမေပြောဖူးခဲ့တာ တစ်ခုသတိရမိတယ် ။
“ ချစ်ခြင်းမေတ္တာဆိုတာ တကယ်မရှိပါဘူး
သားရယ် ။ လိုချင်တက်မက်မှုအရာအားလုံးကလဲတဏှာရာဂမီးတွေပါပဲ “ တဲ့
ဟုတ်ပါရဲ့
အမေ့သားက အဲ့ဒီမီးတွေကြားမှာပဲ လောင်မြိုက်နေတာ ။
အဲ့ဒီမီးတွေကြားမှာပဲ ပျော်မွေ့လိုက် ငိုကြွေးလိုက်နဲ့ သံသရာလည်နေတာ ။ အဲ့ဒီမီးတွေကြားမှာပဲ
အမှတ်မရှိတဲ့ ပိုးဖလံတစ်ကောင်ပမာ ….
#စာရယ်ကဗျာရယ်