တာဝန်သက်တမ်း ပြီးဆုံးတော့မယ့် သမ္မတနဲ့ တာဝန်စယူတော့မယ့် သမ္မတ
ဒီကနေ့က စပြီး အမေရိကန်သမ္မတအဖြစ် စတင်တာဝန်ယူတော့မယ့် ဒေါ်နယ်ထရမ့်က ဇနီးသည် မယ်လယ်နီယာနဲ့အတိူ အိမ်ဖြူတော်ကို ရောက်လာချိန်မှာ မကြာခင်နာရီပိုင်းမှာ ရာထူးတာဝန်ပြီးဆုံးတော့မယ့် သမ္မတဂျိုးဘိုင်ဒန်နဲ့ ဇနီးသည် ဂျင်းလ်ဘိုင်ဒန်တို့က ကြိုဆိုခဲ့ကြတာကိုတွေ့ရတာပါ။
သမ္မတနှစ်ဦး လက်ဖက်ရည်သုံးဆောင်ရင်း စကားစမြည်ပြောကြပါမယ်။ အစောပိုင်းတုန်းကလည်း သမ္မတဘိုင်ဒန်က သူ့ရဲ့ ဒုတိယသမ္မတ ကာမလာဟဲရစ်နဲ့ ခင်ပွန်းတို့ကို ကြိုဆိုခဲ့ပါတယ်။ မစ္စဟဲရစ်ကလည်း အသစ်တက်လာမယ့် ဒုတိယသမ္မတအဖြစ်ရွေးခံထားရတဲ့ ဂျေဒီဗန့်စ်ကို ကြိုဆိုပြီး လက်ဖက်ရည်ပွဲနဲ့ ဧည့်ခံခဲ့ပါတယ်။
#သတင်းဟင်းလေးအိုးကြီး

