25 ပတ် - ဘာသာပြန်ပါ။

ယုဇနပလာဇာ-ဂမုန်းပွင့်-မင်္ဂလာဈေးသို့ တစ်နေ့ (၅) ကြိမ် Free Shuttle Bus ဆွဲပေးနေ

ဇန်နဝါရီ (၁၁) ရက်မှစတင်ပြီး ယုဇနပလာဇာ - ဂမုန်းပွင့် - မင်္ဂလာဈေးသို့ တစ်နေ့ (၅) ကြိမ် Free Shuttle Bus ဆွဲပေးနေကြောင်း အဆိုပါ ယာဉ်လိုင်းမှ စုံစမ်းသိရှိရသည်။

ယာဉ်ထွက်ချိန်မှာ နေ့လယ် (၁၁) နာရီ၊ (၁၂) နာရီ၊ (၁) နာရီ၊ (၂) နာရီ၊ (၃) နာရီအထိပြေးဆွဲပေးနေပြီး လတ်တလောတွင် အခကြေးငွေကောက်ခံရန်မရှိသေးကြောင်း သိရသည်။

" တခြားလမ်းကြောင်းတွေကတော့ ကြည့်နေတုန်း။ အခုမှစမ်းသပ်ပြေးဆွဲနေတုန်း။ လက်ရှိကတော့ (၃၅) ယောက်စီး မီနီဘတ်စ် တစ်စီးနဲ့ ပြေးဆွဲပေးနေပါတယ်" ဟု အဆိုပါ ယာဉ်လိုင်းမှ တာဝန်ရှိသူတစ်ဦးက ပေါ်ပြူလာနယူးစ်သို့ပြောသည်။

ထို့ပြင် ခရီးသည်လိုက်ပါစီးနင်းမှုပေါ်မူတည်ပြီး ယာဉ်အစီးရေ ထပ်တိုးပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။

imageimage