ဝင်ငွေနည်းပြည်သူတွေအတွက် တိုက်ခန်းတစ်သန်း တည်ဆောက်ပေးသွားမှာဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်ပြော
ဇန်နဝါရီ ၂၀
ထိုင်းနိုင်ငံက ဝင်ငွေနည်းမိသားစုများအတွက် အိမ်ရာ(တိုက်ခန်း) တစ်သန်း တည်ဆောက်ပေးသွားမှာ ဖြစ်ကြောင်း တနင်္ဂနွေနေ့က ဘူကန်ပြည်နယ်မှာကျင်းပခဲ့ လူထုတွေ့ဆုံပွဲမှာ ထိုင်းဝန်ကြီးချုပင်ဟောင်းနဲ့ အာဏာရဖီယူထိုင်းပါတီရဲ့ ခေါင်းကိုင်ဖခင် ဖြစ်သူ သက်ဆင်ရှင်နာဝပ်က ပြောကြားလိုက်ပါတယ်။
ပြီးခဲ့တဲ့သီတင်းပတ်နှောင်းပိုင်းက ထိုင်းပြည်သူတွေအတွက် အစိုးရရဲ့ အိမ်ရာအစီအစဉ်စတင်လိုက်ပြီးနောက် ပြည်သူ အများအပြား ကြိုတင်စာရင်းသွင်းမှတ်ပုံတင်ထားပြီးဖြစ်သလို ထိုင်းပြည်သူ ၃၁ သန်းက အိမ်ရာစီမံကိန်းအတွက်လက်မှတ်ရေးထိုးရာမှာ စိတ်ပါဝင်စားမှုရှိတယ်လို့ ထုတ်ဖော်ပြသခဲ့ကြောင်း သက်ဆင်က ပြောပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကျင်းပမယ့် ပြည်နယ်အုပ်ချုပ်ရေးအဖွဲ့ ရွေးကောက်ပွဲမတိုင်မီ ဇန်နဝါရီ ၁၉ ရက် (တနင်္ဂနွေနေ့) က ဘူကန်ပြည်နယ်မှာကျင်းပခဲ့တဲ့ လူထုတွေ့ဆုံပွဲမှာ သက်ဆင်က အခုလိုပြောကြားခဲ့တာ ဖြစ်ပါတယ်။
သက်ဆင်က “ဘန်ကောက်မြို့မှာ နေထိုင်ပြီး အလုပ်လုပ်ကိုင်ကြတဲ့ ဝင်ငွေနည်းပြည်သူတွေအတွက် အိမ်ရာတွေ အ ထူးသဖြင့် ကွန်ဒိုတိုက်ခန်းတွေ တည်ဆောက်ပေးဖို့ ၎င်းအနေနဲ့ ဖီယူထိုင်းပါတီရှေ့က ထိုင်းရတ်ထိုင်းပါတီကို ဦး ဆောင်ခဲ့စဉ်ကတည်းက တောက်လျှောက်စဉ်းစားလာခဲ့ကြောင်း” ပြောပါတယ်။
လောလောဆယ် အခုအချိန်အထိ တိုက်ခန်း ၇,၀၀၀ ဆောက်လုပ်နေဆဲဖြစ်ပေမဲ့ အိမ်ရာလိုအပ်ချက်က အလွန်များ ပြားနေကြောင်း ၎င်းက ပြောပါတယ်။
ဘူကန်ပြည်နယ်မှာ ရော်ဘာစိုက်ပျိုးမြေတွေ တိုးချဲ့လာပြီး အောင်မြင်မှုတွေရရှိလာတာက ၎င်းရဲ့ ဆုံးဖြတ်ချက်မှန်ကန် တာကို သက်သေပြလိုက်တာပဲဖြစ်ကြောင်း ဝန်ကြီးချုပ်ဟောင်း သက်ဆင်က ပြောပါတယ်။
လွန်ခဲ့တဲ့နှစ်ပေါင်းများစွာ ၎င်းအစိုးရလက်ထက်က ကိုင်တွယ်ခဲ့သလို မူးယစ်ဆေးဝါးပြဿနာတွေကို တင်းတင်းကျပ် ကျပ် ကိုင်တွယ်ဖို့ ဆုံးဖြတ်ထားပြီး မူးယစ်ဆေးရောင်းချသူတွေရော ဝယ်ယူသုံးစွဲသူတွေကိုပါ ပြန်လည်ထူထောင်ရေး စခန်းတွေကို ပို့ဆောင်သွားမှာဖြစ်ကြောင်း ၎င်းက ပြောပါတယ်။
“ဥပေဒနဲ့မညီတဲ့ အလုပ်တွေလုပ်နေတာကို ရပ်တန်းက ရပ်ဖို့ မူးယစ်ဆေးရောင်းသူတွေကို ဖိအားပေးသွားမှာ ဖြစ်ပါတယ်။ သူတို့တွေ အလွယ်တကူငွေရှာနေတာကို ဒီအတိုင်း လက်ပိုက်ကြည့်နေတာကြာပါပြီ။” လို့ ၎င်းက ပြောပါတယ်။
“တရားမဝင် မူးယစ်ဆေးရောင်းဝယ်ပြီး ရလာတဲ့ ပိုင်ဆိုင်မှုတွေ ဆုံးရှုံးသွားမယ်ဆိုတာကို သတိပြုပါ။ ဝယ်ထားတဲ့အိမ် တွေ၊ ကားတွေ အသိမ်းခံရပြီး လူကတော့ ထောင်ထဲသွားရမှာဖြစ်တယ်။” လို့ ၎င်းက ပြောပါတယ်။
အသက် ၆၀ အောက် ပြည်သူတွေအတွက် ဒစ်ဂျစ်တယ်လ်ငွေကြေးထောက်ပံ့ရေးအစီအစဉ်အပါအဝင် နောက်ထပ် စီမံချက်ကောင်းတွေ ထပ်မံဆောင်ရွက်ဖို့ရှိကြောင်း သက်ဆင်က ပြောပါတယ်။
#centralnewsnaypyitaw
