အာကာသဟိုတယ်။
အာကာသဟိုတယ်ရဲ့ အမည်ကတော့ The Voyager Station ဖြစ်ပြီး ၂၀၂၇ ခုနှစ်တွင်ဖွင့်လှစ်ဖို့ အဆိုပြုထားတာပါ။
တည်ဆောက်မယ့် ကုမ္ပဏီကတော့ Orbital Assembly ကော်ပိုရေးရှင်း ဖြစ်ပြီး ၂ဝ၂၆ ခုနှစ်မှာ စတင်ဆောက်လုပ်ရန်ရည်ရွယ်ထားပြီး ၂၀၂၇ ခုနှစ်မှာ စီးပွားဖြစ် ဖွင့်လှစ်မှာ ဖြစ်ပါတယ်တဲ့။
အာကာသဟိုတယ်မှာ တစ်ညတာတည်းခိုရန်အတွက် ကြိုတင် ဘွတ်ကင်တောင် ပြုလုပ်ထားလို့ရပါပြီတဲ့။
အခန်းထဲရှိ ပြတင်းပေါက်နားမှာရပ်ပြီး ကြယ်များနှင့် လူသားများ၏ ဧရာမဂြိုဟ်ကြီးကိုမြင်နိုင်သည့် အိပ်မက် တစ်ခုတကယ်ပင်ဖြစ်လာပေတော့မည် ဖြစ်ပါတယ်။
