အဆိုတော် ကောင်းမြင့်စံ (ခေါ် )စုဗူးဟာ ဇန်နဝါရီ ၁၇ရက်နေ့က နေအိမ်ထွက်ခွာသွားပြီးနောက်မှာ ပျောက်ဆုံးနေခဲ့တာဖြစ်ပြီး ဇန်နဝါရီ ၁၉ရက်နေ့မှာမှ မှ အင်းလျားကန်ဘောင်ထဲကနေ ရုပ်ခန္ဓာကို ပြန်တွေ့ခဲ့ရတာဖြစ်ပါတယ်။
အဆိုတော်ကောင်းမြင့်စံဟာ ကွယ်လွန်ချိန်မှာအသက် ၃၉ နှစ်ရှိပြီဖြစ်ပြီး စိုင်းဆိုင်မော့ဝ်ရဲ့ " ရှမ်းပဲပုတ်လေးကျွန်တော် " ချယ်ရီပွင့်တဲ့တောင်တန်း " ရိုးရာမပျက်တဲ့မြေ " သီချင်းတွေအပါအဝင် မြန်မာသံသီချင်းတွေကို သီဆိုခဲ့သူတစ်ဦးဖြစ်ပါတယ်။
