လူများလိုလွတ်သွားတဲ့ဘတ်(စ်)ကား၊
မလိုက်ဖြစ်ခဲ့တဲ့ ခရီးစဉ်၊ဆက်မကြည့်ချင်တော့လို ရပ်တန့်ခဲ့တဲ့ (၃)မိနစ်စာ ရုပ်ရှင်၊ မစားလိုက်ရတဲ့ အကြိုက်ဆုံး ပေါင်မုန့်တစ်လုံး။
အခုတော့လည်း ပေါင်မုန့်တစ်လုံးထက်
ပိုအရသာရှိတဲ့ကိတ်များစွာက ငါတိုစားပွဲပေါ်မှာ....
လွတ်သွားတဲ့ ဘတ်(စ်)ကား နေရာမှာ သက်တောင့်သက်သာအရှိဆုံးအစားထိုးဝင်လာတဲ့
နောက်ထပ်ဘတ်(စ်)ကားတစ်စီး၊
အနွေးထွေးဆုံးခရီးစဉ်တွေနဲ့(၂)နာရီကျော်ကြာ
ရုပ်ရှင်ဇာတ်ကားကောင်းတစ်ခုကိုလည်း
ငါတိုပြန်ရှာတွေ့ခဲ့တာပဲ။
ဒီလိုပဲမဟုတ်လား။
ကိုယ်နဲ့ထိုက်တန်တဲ့အရာကို ရတော့မှာမို
တချိန်ကကိုယ်လိုချင်တာကို မရခဲ့တာလည်း
ဖြစ်နိုင်တာပဲ...။
#စာရယ်ကဗျာရယ်