တရားမဝင် မှောင်ခိုစက်သုံးဆီဈေးကွက် ကြီးထွားလာပြီး အမြတ်များစွာ ရရှိနေ

ဇန်နဝါရီ ၂၀

ပြည်တွင်းရှိ လက်နက်ကိုင်တိုက်ပွဲများရှိရာဒေသများ နှင့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖွဲ့များထိန်းချုပ်ရာ နေရာများသို့ စက်သုံးဆီ သယ်ဆောင်ခွင့်ကန့်သတ်ထားရာ တရားမဝင်လိုင်း‌ကြေးပေးပြီး သယ်ယူရောင်းချနေရ‌ ကြောင်း သိရသည်။

တိုင်းဒေသကြီးနှင့်ပြည်နယ်အလိုက် သတ်မှတ်ပေါက်ဈေးများ ထုတ်ပြန်ရောင်းချပေးနေသော်လည်း မြို့ကြီးများ တွင်သာ သက်သာသောဈေးဖြင့်ရရှိနိုင်ပြီး ကျန်နယ်မြို့နယ်များတွင် တဆင့်ခံရောင်းချရခြင်းကြောင့် ဈေးမတည် ငြိမ်‌ကြောင်း နှင့် လက်နက်ကိုင်အဖွဲ့များက ကောက်ခံသောငွေများ‌ကြောင့် ဈေးနှုန်း ပိုမိုမြင့်တက်လာခြင်းဖြစ်ပေါ် နေရကြောင်း ဒေသခံများထံမှ သိရသည်။

“စစ်ကိုင်းအထက်ပိုင်းမှာ စက်သုံးဆီ အဝင်ကို ပြည်မဘက်က သယ်ဆောင်‌ရောင်းချခွင့် ကန့်သတ်ထားတာ။ နယ်စပ်ကနေ ဝင်လာတဲ့ကားတွေရော တရာမဝင်ရှောင်ကွင်းလမ်းတွေက သယ်လာတဲ့ဆီတွေရော အကုန်လုံး ဈေးတက်နေတာ ဆီရောင်းတဲ့သူတွေကတော့ အမြတ်အရကြမ်းတာပေါ့။ ရန်ကုန်ဈေးနဲ့ယှဉ်ရင် ဆယ်ဆတစ်ဆ လောက်ကွာတယ်လေ။ တရားဝင်ပြည်တွင်းမှာ အထိုင်ဈေးနဲ့ရောင်းမယ့်အစား တိုင်းရင်းသားနယ်မြေတွေကို သွားရောင်းရင် ပိုမြတ်တာပေါ့” ဟု ရန်ကုန်အတွင်း အဓိကရောင်းချသူ ဆီဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

စက်သုံးဆီတင်သွင်းရောင်းချမှုသည် လက်ရှိအချိန်တွင် တရားဝင် ဆီဆိုင်များနှင့် တားမြစ်နယ်မြေများသို့ တဆင့်ခံ တင်ပို့ရောင်းချသူများဟု၍ ဈေးကွက်နှစ်မျိုးဖြစ်ထွန်းလာပြီး တားမြစ်နယ်မြေများသို့ သွားရောက်ရောင်းချသူများ မှာ တရားဝင်နယ်မြေများတွင်ရောင်းချမှုများထက် နှစ်ဆကျော်ခန့်အမြတ် ပိုမိုရရှိနေကြောင်း သိရသည်။

MNDAA၊ TNLA နှင့် KIA ထိန်းချုပ်ရာဒေများသို့ စက်သုံးဆီများ သယ်ဆောင်ရောင်းဝယ်မှုပြုလုပ်နေသူများကို ကား(၂၂)စီး အပါအဝင် ဆီဂါလံပေါင်း(၆၀၀၀၀)ကျော်နှင့်အတူ ဖမ်းဆီးရမိထားကြောင်း နစက၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

ထို့အတူ ရခိုင်ပြည်နယ်နှင့် စစ်ကိုင်းတိုင်းအထက်ပိုင်းသို့ တင်ပို့ရောင်းချသူများ ရှိနေဆဲဖြစ်ပြီး ကုန်းလမ်းကသာမက ရေကြောင်းလမ်းများဖြင့်ပါ အသုံးပြု‌သယ်ဆောင်နေ‌ကြောင်း စက်သုံးဆီဈေးကွက်အတွင်းရှိ သတင်းအရင်းအမြစ်များအရ သိရသည်။

#centralnewsnaypyitaw

image