25 w - Translate

ချစ်သူပဲ ဖြစ်ဖြစ်၊သူငယ်ချင်းပဲ ဖြစ်ဖြစ်
အလုပ်ကိစ္စပဲ ဖြစ်ဖြစ် အရေးကြီးတဲ့အကြောင်းအရာ
နားလည်မှုလွဲတော့မဲ့ကိစ္စဆို ဖုန်းနဲ့မပြောတော့ပဲ
တွေ့ကြရအောင်လို့ပဲ ချိန်းလိုက်တယ်..။
ထွက်နေတဲ့ဒေါသတွေတောင်မျက်နှာမြင်လိုက်ရတဲ့အခါ ထင်သလောက်လည်းစိတ်တိုစရာမရှိတော့ပါဘူး
အရေးပါတဲ့သူတွေဆိုရင်...
မတွေ့ရတာကြာလာတဲ့အခါလည်း တကူးတကချိန်းဆိုပြီး တွေ့ကြရအောင်လို့အမြဲ ချိန်းဖြစ်တယ်..။
အနီးနားကတစ်ယောက်ချင်းစီကို တန်ဖိုးထားတတ်လာတာမျိုးပေါ့။ဘဝတွေဟာ တိုတိုလေးပါ..
ပြီးတော့အစစ်အမှန်တွေကလည်း တကယ်ရှားတာ
ဖုန်းဆယ်ခါဆက်တာနဲ့ ရက် 100 chatတာမတူသလို
စာတွေတစ်ချိန်လုံး ပို့နေတာနဲ့သုံးရက်တစ်ခါလောက်တွေ့ဖြစ်ကြတာချင်းတောင် မတူပါဘူး...။
အတူတူဆုံတဲ့အခါ မျက်ဝန်းတွေထဲကနေ..
တကယ်ကောအဆင်ပြေရဲ့လားမြင်တွေ့နိုင်တယ်
နွေးထွေးမှုတွေ ဖေးမမှုတွေ ပိုရတယ်...။
ဒါကြောင့် အရေးကြီးကိစ္စရှိတာဖြစ်ဖြစ်
မတွေ့ရတာကြာတာပဲ ဖြစ်ဖြစ်
ကိုယ့်အတွက်အရေးပါတာသေချာရင်...
ကျွန်တော်ကတော့..
“ငါတို့တွေ့ကြရအောင်လေ မတွေ့ရတာကြာပြီမလား” ဆိုတဲ့စကားကိုအမြဲကိုယ့်ဘက်က စပြောရလည်းပြောဖြစ်တယ်...။
အလေးထားမှုလေးတွေတော့လိုအပ်တာပေါ့..။
လူတိုင်းဟာအချိန်ပြည့်အားမနေသလို အချိန်တိုင်းလည်း အလုပ်ရှုပ်မနေပါဘူး..။အဲ့အတွက် ကိုယ့်ဘေးနားကတန်ဖိုးရှိတဲ့တစ်စုံတစ်ယောက်တိုင်းဆီက..
အားမှတွေ့ရမဲ့သူတွေမဟုတ်ပဲ မအားသည့်တိုင်
အချိန်လုပြီးတွေ့ရမဲ့ တန်ဖိုးရှိတဲ့လူတွေပါ...။

image