မြန်မာနိုင်ငံမှာ ဆေးဝါးစျေးတွေ ကြီးမြင့်နေ တဲ့အချိန်မှာ လေမဖြတ်အောင် သွေးမခဲ အောင်သွေးမပျစ်ပဲ သွေးကျဲအောင် ဘေးထွက်ဆိုးကျိုးမရှိတဲ့ သဘာဝ အစားအစာဖြစ်တဲ့ ကြက်သွန်ဖြူ ကင်ပွန်းချဉ် ဆနွင်း သံပုရာ စားသုံးပေးခြင်း လမ်းလျောက်လေ့ကျင့်ခန်းလုပ်ခြင်း ဖြင့် ကြိုတင်ကာကွယ်နိုင်ပါတယ်။
လူတိုင်း လေဖြတ်နိုင်ပါတယ်..ဘာလို့ ဖြတ်တာလဲဆိုရင် သွေးခဲရင် လေဖြတ်ပါမယ်...နှလုံးသွေးကြောပိတ်တတ်ပါတယ် အသက်အန္တရာယ်ရှိပါတယ်...
ကြက်သွန်ဖြူစားတယ်၊ ရေနွေးသောက်တယ်၊ ခြေသလုံး လေ့ကျင့်ခန်းလုပ်တယ်... စျေးပေါပြီး လုပ်လို့ရတာမျိုးနဲ့ အရင်ကာကွယ်ကြပါ။ သွေးခဲပြီး မလိုလားအပ်တာတွေ မဖြစ်စေလိုပါ။
အခုတလောမှာ ကြုံတွေ့နေကြရတာက သွေးခဲပြီး အသက်အန္တရာယ် ထိခိုက်စေတဲ့ အဖြစ်တွေပါပဲ။ ကပ်ရောဂါ ကူးစက်ခံရလို့ နည်းမျိုးစုံနဲ့ကုသပြီး အသက်ဘေးက လွတ်လာကြပေမဲ့ နောက်ပိုင်းမှာ သွေးခဲပြီး ရုတ်တရက်ဆုံးနေကြပါတယ်။ အဲဒီလို သွေးခဲခြင်းမဖြစ်အောင် နည်းလမ်းရှာကြဖို့ လိုပါတယ်။
သွေးမခဲအောင်ဆိုပြီး သွေးကျဲဆေးတွေ သောက်ကြရတယ်။ ဒါကြောင့် သွေးကျဲဆေးတွေက ဈေးတွေ မိုးပေါ်ရောက်သွားတယ်။
လူအများမေးကြတာက သဘာဝနည်းနဲ့သွေးကျဲအောင် လုပ် လို့ မရဘူးလားတဲ့...
ရပါတယ်...သဘာဝနည်းနဲ့ သွေးကျဲအောင်လုပ်တဲ့ နည်းကို အခု ပြောပြပါမယ်။
သေချာမှတ်ထားနော်....
သွေးကျဲအောင် သွေးကျဲဆေးလိုပဲ
သဘာဝက ပေးနိုင်တာကတော့...
ကြက်သွန်ဖြူ ဖြစ်ပါတယ်.....
ကြက်သွန်ဖြူဟာ သွေးကျဲဆေးထက်အများကြီး ပိုကောင်းပါတယ်။ ပြီးတော့ ကမ္ဘာ့ကပ်ရောဂါ တစ်ခုဖြစ်တဲ့ ပုလိပ်ရောဂါကိုလဲ ကြက်သွန်ဖြူနဲ့ပဲ အနိုင်ယူခဲ့ကြတာဖြစ်တယ်။ ထမင်းစားရင် ကြက်သွန်ဖြူ သုံးလေးတက်လောက် စားပေးရပါမယ်....
သဘာဝက သွေးမခဲအောင် လုပ်ပေးနိုင်တာတစ်ခု ရှိပါသေးတယ်။
အဲဒါကတော့ နနွင်းဖြစ်ပါတယ်... နနွင်းက ဆီနဲ့ဖျော်သောက်မှ အူတွေကနေ စုပ်ယူနိုင်တာ ဖြစ်တယ်။ အခုလိုအခါ မွာ ဇွန်းသေးနဲ့ မနက်တစ်ဇွန်း ညနေတစ်ဇွန်း သောက်သင့်တယ်။
နောက်တစ်ခုကတော့ သံလွင်ဆီ ဖြစ်ပါတယ်...ဆံချည်မျှင် သွေးကြောလေးတွေအတွင်းထဲအထိ ရှင်းလင်းပေးနိုင်တာ ကမ္ဘာပေါ်မှာ သံလွင်ဆီတစ်မျိုးပဲရှိတယ်။ နနွင်းဖျော်သောက်ရာမှာ သံလွင်ဆီနဲ့ပဲ ဖျော်သောက်ကြပေါ့။
သွေးခဲတဲ့သူတွေရဲ့သွေးဟာ ပျစ်နေလေ့ရှိတယ်။ သွေးခဲရခြင်းက သွေးပျစ်နေလို့.. သွေ:ပျစ်ရတာက ရေသောက်နည်းလို့.. ရေများများသောက်မှ သွေးကကျဲလာတာဖြစ်တယ်။
ဒါကြောင့်... တစ်နေ့ကို ရေ ၄-လီတာလောက် သောက်ရမယ်...ရေခပ်နွေးနွေး သောက်တာ အကောင်းဆုံးပါပဲ...
သွေးပျစ်တဲ့သူတွေဟာ အချဉ်ကြောက်ကြသူတွေများတယ်။ အချဉ်ဓါတ် စားပေးရင်သွေးကျဲတယ်။ ဒါကြောင့် သံပုရာရည် ချဉ်ချဉ်လေး သောက်ပေးဖို့ကောင်းတယ်။
အနောက်နိုင်ငံတွေကတော့ သွေးကျဲဖို့ ကီဝီသီးတွေ စားလေ့ရှိပါတယ်။ အခုမြန်မာနိုင်ငံမှာတော့ ကင်ပွန်းချဉ် ဟင်းချိုသောက်ပြီး အဆင်ပြေနေကြပါတယ်။
သွေးထဲမှာ ရောနေတဲ့အရည်ကြည်တစ်မျိုးရှိပါတယ်။ အဲဒါကို သွေးသည်းခြေ လို့ခေါ်ပါတယ်။ သွေးသည်းခြေ နည်းနေရင်လဲ သွေးက ပျစ်တတ်တယ်။
သွေးသည်းခြေဓါတ် အားကောင်းဖို့အတွက်ကတော့ အခါးကြွယ်ဝတဲ့ ကြောင်လျှာ၊ ခွေးတောက်၊ ငရုတ်ခါး၊ဆင်တုံးမနွယ်၊ ရဲယို၊ ဒန့်သလွန်တွေ စားပေးသင့်တယ်။ အခါးစားမှလဲ ဝါယောအားကောင်းပြီး သွေးလည်ပတ်မှု မှန်မှာ ဖြစ်တယ်။
အထိုင်များ အအိပ်များရင် သွေးလေးပြီး သွေးခဲတတ်ပါတယ်...ဒါကြောင့်
လမ်းလျှောက်ပေးရမယ်...လမ်းလျှောက်လို့ ခြေသလုံးကြွက်သားတွေ ညှစ်တော့မှ သွေးက နှလုံးကို တွန်းအားနဲ့ ရောက်တာဖြစ်တယ်။ခြေသလုံး၂-ခုဟာ ဒုတိယနှလုံးတွေ ဖြစ်တယ်။ ခပ်ဖြည်းဖြည်း
လျှောက်ပါ....
သွေးခဲတာ ခြေထောက်ပိုင်းမှာ အဖြစ်များတယ်။ ခဲတဲ့သွေးဖတ်က ပင်မသွေးကြောထဲမှာ ပါလာပြီး နှလုံး၊ဦးနှောက်တွေမှာ သွားပိတ်တာများတယ်။
သွေးမခဲဖို့က တစ်ခုကောင်းလုပ်လို့မရဘူး။ အခုပြောခဲ့တာတွေကို Network နဲ့လုပ်မှပြည့်စုံမှာဖြစ်တယ်။ ဒီလိုပဲ ဉာဏ်ရှိသလို လုပ်သွားရမှာပဲ.. ဉာဏ်ရှိရှိလုပ်သွားမယ်ဆိုရင် လေဖြတ်ပီး သေရမဲ့ ဘေးကနေ ရှောင်ရှားနိုင်မှာ ဖြစ်ပါတယ်
