အာဆင်နယ်အသင်းနည်းပြမီခေးလ်အာတီတာအနေနဲ့ အိမ်ကွင်းမှာလက်ခံကစားခဲ့တဲ့နောက်ဆုံးပရီးမီးယားလိဂ်ပွဲစဉ်မှာ အက်စတွန်ဗီလာအသင်းရဲ့ ၂-၂ သရေကျအောင်လိုက်ကစားခံခဲ့ရပြီး အမှတ်ပေးဇယားထိပ်ကလပ်လီဗာပူးလ်အသင်းနဲ့ ၆ မှတ်အကွာအဆင့် ၂နေရာမှာရပ်တည်နေခဲ့ပြီးနောက်မှာတော့ အသင်းသားတွေအနေနဲ့ဒီထက်မကထိုက်တန်မှုရှိသင့်တယ်လို့နားမလည်နိုင်စွာနဲ့ထောက်ပြပြောဆိုလာခဲ့ပါတယ်။

ကစားပုံဟာအရမ်းကိုကောင်းမွန်ခဲ့တယ်လို့ကျနော်ထင်ပါတယ်။ငါတို့အအနေနဲ့ဒီထက်မကအရာတွေနဲ့ထိုက်တန်မှုရှိပါတယ်။ကလေးတွေအနေနဲ့လည်းမယုံနိုင်စရာကောင်းလောက်အောင်ကစားခဲ့ပြီးအထူးသဖြင့် ၆ ရက်မှာ ၃ ပွဲကစားခဲ့တာကိုစဉ်းစားသုံးသပ်ရရင်တော့ ငါတို့ရဲ့ကစားပုံအရည်အသွေးနဲ့ပတ်သက်ပြီးကျနော်ကျေနပ်ပါတယ်။

အက်စတွန်ဗီလာလိုအသင်းကို ဘောလုံးထိန်းချုပ်ကစားတာအရမ်းကောင်းမွန်ခဲ့ပါတယ်။
ငါတို့ဒီပွဲစဉ်မှာလုပ်ဆောင်ခဲ့တဲ့အရာတိုင်းနဲ့ပင်္တသက်ပြီးသရေရလဒ်ကတော့ အတော်လေးစိတ်ကသိကအောက်ဖြစ်ရပါတယ်။ဒီဟာက ငါတို့ပေးဆပ်ကစားပြီးကြိုးစားကစားဖို့လိုအပ်ချက်ရှိခဲ့တာမျိုးမဟုတ်ပေမဲ့ ငါတို့အနေနဲ့ငါတို့ပေးခဲ့၇တဲ့ဂိုးတွေအတွက်တာဝန်ယူမှုရှိရပါမယ်။ဒီဟာကငါတို့ကစားတဲ့ပုံစံမျိုးမဟုတ်ဘဲ ငါတို့ပွဲကိုတည်ငြိမ်အောင်မလုပ်ဆောင်နိုင်ခဲ့ပါဘူး။

အသင်းအနေနဲ့ဘယ်လောက်ထိပေးဆပ်ကစားခဲ့လဲဆိုတာနဲ့ငါတို့ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့အနေအထားတွေကိုမြင်ရတဲ့အခါမှာကျနော်နာကျင်ရပါတယ်။ငါတို့အနေနဲ့ထိုက်တန်မှုရှိတဲ့ဆုလာဒ်တွေမရတဲ့အခါမှာတော့ ဒီဟာကအမှန်တကယ်ကိုနာကျင်ရပါတယ်လို့ အာတီတာကဖွင့်ဟခဲ့ပါတယ်။

အာဆင်နယ်အသင်းအနေနဲ့ VARကြည့်ပြီး ဂိုးပယ်ဖျက်ခံလိုက်ရတဲ့ဖြစ်စဉ်အတွက်တော့ ကိုင်လ်ဟာဗတ်ဇ်အနေနဲ့ လက်ထိဘောဖြစ်ခဲ့တာကြောင့်ဖြစ်ပါတယ်။ဆုံးဖြတ်ချက်ကဖြစ်ခဲ့ပြီးပါပြီ။ဒီဟာကခံစားမှုတွေမြင့်တက်နေတဲ့အခါမှာတော့ ခက်ခဲပါတယ်။

မင်းအနေနဲ့ ဂိုးသွင်းယူခဲ့ပေမဲ့လည်း ပြန်လည်ပယ်ဖျက်ခံရတာဟာ လွယ်ကူတဲ့ကိစ္စတော့မဟုတ်တာအမှန်ပါ။ငါတို့မှာဒီဖြစ်စဉ်မျိုးလောက်နဲ့ဘဲမဟုင်္တဘဲ အနိုင်ရယူနိုင်တဲ့အခွင့်အရေးကြိမ်ဖန်များစွာရှိခဲ့ပါတယ်လို့ အာတီတာကပြောဆိုခဲ့ပါတယ်။
 
#ဘောလုံးသတင်းစုံ

image