#ကျောက်ကျောပင်(grass jelly or leaf jelly )
++++++L+++++++y++++++p+++++++++
ကျောက်ကျောမဲ(ပြုလုပ်နည်းနှင့်ဆေးဘက်ဝင်ပုံများ)

အအေးဖျော်ရည်တွေမှာသုံးတဲ့ ကျောက်ကျောမဲမဲတုန်းကြီးကိုစားသာစားနေကြတာ ဘယ်လိုလုပ်မှန်း သိတဲ့သူကနည်းပါတယ်။ လုပ်နည်းကလည်းလျို့ဝှက်ထားလို့ သိပ်မသိကြပါဘူး။ဘယ်ကနေထုတ်မှန်းလည်း မသိတဲ့သူများပါတယ်။

ကျောက်ကျော

အင်္ဂလိပ်အမည် Grass jelly plant
သိပ္ပံအမည်Platostoma palustre
မော်လမြိုင်ဒေသအခေါ်. လိပ်သဲပင်၊
ရှမ်းပြည်ဘက်အခေါ်. နမ့်ပင်တူး ဆိုတဲ့အပင်ကထုတ်ယူပါတယ်။

#အမဲရောင်ကျောက်ကျောပြုလုပ်နည်း
++++++++++++++++++++++++++++++
(ပုံများတွင်လည်း ပြထားပါတယ်။)

အပင်ကိုရေဆေး ကြိတ်ခြေပြီးစစ်ရည်ရယူပါတယ်။ အရည်ကုန်ရအောင်ရေလေးနည်းနည်းစီ လောင်းထည့်ပေးရပါတယ်။
အဲဒီအရည်ကိုစစ်ယူပြီးအပူပေးကြိုချက်ရပါတယ်။ အရည်အတော်လေးပျစ်လာပီဆိုရင် ကော်မှုန့်(သို့)ဆန်မှုန့်ကို လောင်းထည့်ပြီးမီးမြှင်းမြှင်းနဲ့ ကြိုရပါတယ်။
starch(ကော်မှုန့်)မပါဘဲသူ့ချည်းသက်သက်ကြိုရင် ကျောက်ကျောမဖြစ်ပါ။
ကော်မှုန့်နည်းနည်းထည့်မှ ဓာတ်ပြုပြီး ကျောက်ကျောဖြစ်ပါမယ်။ တစ်ချို့ကတော့ ကော်မှုန့်ကိုတစ်ပါထဲ ထည့်ကြိုကြပါတယ်။
ကြိုက်နှစ်သက်ရာပေါ့။

ရှမ်းပြည်နယ်နဲ့ အထက်ချင်းတွင်း ဘက်တွေမှာတော့ သုတ်စားကြပါတယ်။ အောက်ပြည်ဘက်ကတော့ အအေးဖျော်ရည်တွေနဲ့ တွဲဖက်သောက်သုံးကြပါတယ်။

လတ်လတ် ဆက်ဆက် ကျောက်ကျောပင် (ရှမ်းအခေါ်-နမ့်ပင်းတူး အပင်) ကနေ ခူးပြီး ၊ ရေဆေး ၊ ခြေပြီး နယ် ၊ ဇကာတိုက် အနှစ်ကို ယူ ၊ ဆန်မုန့် အနည်းငယ် ထည့်ပြီး ၊ မီးနဲ့ လက် မပြတ်တမ်း မွှေ ၊ ပျစ်လာပြီ ဆိုရင် အအေးခံ ထားပြီး ၊ နောက်တစ်ရက် အတုံးလေးတွေ တုံးပြီး ဈေးမှာ ရောင်းတာပါ ။(ပုံများတွင်လည်း ပြထားပါတယ်။)

ကျောက်ကျော ပင်များကို သတ်မှတ် ထားတဲ့ အချိန် ရောက်ရင် အမြစ်ပါ မကျန် နုတ်ပြီး အခြောက်လှန်း ကာ ၊ ကိုယ်တိုင် လာဝယ် ကြသူများလည်း ရှိသလို ၊ မန္တလေး ကို တိုက်ရိုက် တင်ပို့ ရောင်းချ ကြတဲ့ ဒေသ ထုတ်ကုန်ပေါ့ ။
ယနေ့ ကျွန်တော်တို့ မြင်တွေ့နေ ရတဲ့ မန်းကျည်း ဖျော်ရည်ထဲလည်း ထည့် ၊ ဖာလူဒါ ၊ ရွှေရင်အေး ထဲလည်း ထည့် ၊ သီးသန့် ကျောက်ကျော ဖျော်ရည် ဆိုပြီးလည်း သောက်ကြတဲ့ မည်းမည်း ကျောက်ကျော လေးတွေဟာ အခု ပြထားတဲ့ အပင်က ရတာပေါ့ ။

#ကျောက်ကျောမဲ၏ ဆေးဘက်၀င်ပုံ
++++++++l++++++y+++++p+++++++++++

၁။ အစာချေဖျက်နှုန်းကောင်းမွန်စေပါတယ်။ အဓိက က Fiber (အမျှင်ဓာတ် ပါ၀င်မှု များပြားတာကြောင့်) ။

၂။ လည်ပင်းနာတာကို သက်သာစေပါတယ်။ သူ့မှာပါ၀င်တဲ့ Compound တမျိုးက လည်ပင်းနာတာကို သက်သာစေပြီး ကလေးတွေအတွက် အိမ်သုံးဆေး အနေနဲ့လဲ တိုက်ကျွေးကြပါတယ်။

၃။ သွေးတိုးကို ထိန်းညိပေးနိုင်တယ်။ Black grass jelly ကသွေးတွင်း cholesterol ကိုလဲ လျော့ကျစေနိုင်ပါတယ်။

၄။ ကင်ဆာရောဂါကာကွယ်ပေးနိုင်တဲ့ antioxidants တွေ ပါ၀င်ပါတယ်။

၅။ အားလုံးအတွက် ပိုပြီး စိတ်၀င်စားစေတဲ့ နောက်တမျိုးကတော့ ဝိတ်ကျစေပါတယ် ။
သွေးတွင်း ကယ်လိုရီ ဓာတ်ကို လျော့ကျစေပြီး သူ့မှာပါ၀င်တဲ့ သကြားဓာတ်က လူ့ခန္ဓာကိုယ်အတွက် Energy အနေနဲ့ပဲအသုံးပြုပါတယ်တဲ့ ။

၆။ ငှက်ဖျားဝေဒနာတွေကို သက်သာစေတယ်။

၇။ ၀မှးခှုပခှငှး ၊

၈။ ရောင်ရမ်းခြင်း၊

၉။ဆီးချိုရောဂါ ၊

၁၀။၀မ်လျှောခြင်း ၊

၁၁။ နှလုံးနဲ့ ပတ်သတ်တဲ့ ရောဂါတွေ ၊

၁၂။ ကိုယ်ခံအားတိုးပွားစေခြင်း၊

....စတဲ့ ကျန်းမာရေး ကောင်းကျိုးများကို ရရှိစေပါတယ်။

ဒါကြောင့် အကျိုးများပြားလှတဲ့ကျောက်ကျောဖျော်ရည်ကို မကြာခဏသောက်သုံးပေးဖို့ မမေ့နဲ့နော်

ဗဟုသုတအနေနဲ့ နောက်ထပ်ခု ပြောပြပေးချင်တာက
ပင်လယ်ကထွက်ရှိတဲ့ ရေမှော်ကျောက်ကျော
Agarလို့ခေါ်တဲ့ နောက်ကျောက်ကျော တစ်မျိုးကိုတော့ပင်လယ်ကထွက်ရှိတဲ့ ရေမှော်(red algae or brown algae)မျိုးစိတ်တစ်မျိုးကနေ ထုတ်လုပ်တာပါသည်

#credit.....

image
image
image