25 w - Translate

သမိုင်းတစ်လျှောက် အညံ့ဆုံးအသင်းဟု အမ်မိုရင် ပြော
-------------------------------
မန်ယူအသင်းရဲ့ ၁၄၇ နှစ်တာ သမိုင်းတစ်လျှောက် လက်ရှိအသင်းက အညံ့ဆုံးအသင်းဖြစ်တယ်လို့ မန်ယူနည်းပြ အမ်မိုရင်က ပြောကြားလိုက်ပါတယ်။ တနင်္ဂနွေညက ဘရိုက်တန်အသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီးနောက် မန်ယူ အသင်းဟာ ပရီးမီးယားလိဂ် အိမ်ကွင်း နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲအထိ ရှုံးနိမ့်မှု ဖြစ်လာခဲ့ပါတယ်။

နိုဝင်ဘာလမှာ နည်ပြ တန်ဟတ်ကို ထုတ်ပယ်ခဲ့ပြီးနောက် နည်းပြ အမ်မိုရင်လက်ထက် လိဂ် ၁၁ ပွဲမှာ မန်ယူ အသင်း ၁၁ မှတ်သာ ရရှိထားခဲ့တာပါ။ ပရီးမီးယားလိဂ်နောက်ဆုံး ၁၀ ပွဲမှာ ၂ ပွဲပဲ အနိုင်ရတဲ့အသင်းမျိုးဆိုတာ မန်ယူပရိသတ်တွေ မြင်ချင်တဲ့ အသင်းမျိုး မဟုတ်တာသေချာသလို ဒီအသင်းက မန်ယူအသင်းသမိုင်းမှာ အညံ့ဆုံး အသင်းလည်း ဖြစ်နိုင်ပါတယ်လို့ ဘရိုက်တန်ကို ရှုံးတဲ့ပွဲအပြီးမှာ နည်းပြ အမ်မိုရင်က ပြောသွားခဲ့ပါတယ်။

ဘရိုက်တန်နဲ့ပွဲမှာ မန်ယူအသင်းဟာ ပွဲအစ ၅ မိနစ်မှာပဲ ပြိုင်ဘက်ကို ဦးဆောင်ဂိုးစပေးခဲ့ရပြီး ကွင်းလယ်ကစား သမား ဖာနန်ဒက်စ်ရဲ့ ပင်နယ်တီဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒုတိယပိုင်းမှာ နောက်ထပ် ပေးဂိုး ၂ ဂိုးထပ်ပေးခဲ့ရပြီး ဘရိုက်တန်အသင်းကို ရှုံးနိမ့်ခဲ့ရတာဖြစ်ပါတယ်။ အခုပွဲရှုံးနိမ့်ခဲ့တဲ့အတွက် မန်ယူအသင်းဟာ တန်းဆင်းဇုန်နဲ့ ၁၀ မှတ်အကွာ အဆင့်-၁၃ မှာ ရပ်တည်နေသလို အဆင့်-၁၀ နေရာက ဖူလ်ဟမ်အသင်းနဲ့လည်း ၇ မှတ်အထိ ကွာဟနေခဲ့တာဖြစ်ပါတယ်။

image