25 ပတ် - ဘာသာပြန်ပါ။

ရွှေ့ပြောင်းနေထိုင်သူ စခန်းများအား မက္ကဆီကိုအာဏာပိုင်များ စီးနင်းဝင်ရောက်
............

မက္ကဆီကို မြောက်ပိုင်းရှိ ရွှေ့ပြောင်းနေထိုင်သူတွေရဲ့ နေထိုင်ရာစခန်းတွေကို ဇန်နဝါရီ ၁၉ ရက် နံနက် ၄:၅၅ နာရီ ဝန်းကျင်လောက်က မက္ကဆီကို အာဏာပိုင်တွေ စီးနင်းဝင်ရောက်ခဲ့ကြောင်းရိုက်တာ သတင်းမှာရေးသားထားးပါတယ်။
စီးနင်းမှုအတွင်း မက္ကဆီကိုနိုင်ငံ ချီဟွာစခန်းမှာ နေထိုင်နေကြတဲ့ ရှေ့ပြောင်းနေထိုင်သူတွေရဲ့ စောင်နဲ့မွေ့ယာတွေကို အာဏာပိုင်တွေက မီးရှို့ဖျက်ဆီးခဲ့ကြတယ်လို့ သိရပါတယ်။အာဏာပိုင်တွေရဲ့ စီးနင်းမှုအတွင်း ရွှေ့ပြောင်းနေထိုင်သူတွေ ရဲ့ နေထိုင်ရာစခန်းတွေ ပျက်ဆီးခဲ့ပေမယ့် မီးလောင်မှုကြောင့် ထိခိုက်ဒဏ်ရာရရှိသူ မရှိဖူးလို့ သိရပါတယ်။
မက္ကဆီကိုနိုင်ငံ ချီဟွာစခန်းမှာ ရွှေ့ပြောင်းနေထိုင်သူအများစုဟာ ဗင်နီဇွဲလား လူမျိုးတွေ အများဆုံးဖြစ်ပါတယ်။ ရွှေ့ပြောင်းနေထိုင်သူ ၁၅၀ နီးပါး နေထိုင်တဲ့ အဆိုပါစခန်းတွေဟာ အာဏာပိုင်တွေဖျက်ဆီးမှုကြောင့် မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ပြီး ရုန်းရင်းဆန်ခတ်တွေဖြစ်ပေါ်ခဲ့ရတာပါ။
မက္ကဆီကို အာဏာပိုင်တွေ လုပ်ဆောင်ခဲ့တဲ့ အဆိုပါ စစ်ဆင်ရေးဟာ အမေရိကန် ရွေးကောက်ခံ သမ္မတ ဒေါ်နယ်ထရန့် ကျမ်းသစ္စာ ကျိန်ဆိုခြင်း မတိုင်မီ ရက်ပိုင်းအလိုမှာ ဖြစ်ပွားခဲ့တာဖြစ်ပြီး အမေရိကန်ဘက်ကို ရွှေ့ပြောင်းနေထိုင်သူတွေ စီးဆင်းမှုကို ထိန်းချုပ်ရာမှာ လိုအပ်ချက်တွေကြောင့်လည်း အခုလို ဝေဖန်ပြောဆိုမှုတွေ ရှိနေတာဖြစ်ပါတယ်။

image