သမ္မတယွန်းကိုထောက်ခံသူများ တရားရုံး ဝင်ရောက်စီးနင်း
--------------------------
စွပ်စွဲပြစ်တင်ခံထားရတဲ့ တောင်ကိုရီးယားသမ္မတ ယွန်းဆော့ယိုးလ်ကို ဖမ်းဆီးထိန်းသိမ်းမှု ချုပ်ရက်ရမန် သက် တမ်းတိုးလိုက်ပြီးနောက် ယွန်းကို ထောက်ခံသူ ရာပေါင်းများစွာက တရားရုံးကို ဝင်ရောက်စီးနင်းလိုက်ခဲ့ပါတယ်။ အဲဒီထောက်ခံသူတွေက တရားရုံး ပြတင်းတံခါးတွေကိုရိုက်ခွဲပြီး ရုံးထဲကအရာ၀တ္ထုတွေကို ရိုက်ချိုးဖျက်ဆီးခဲ့ပါ တယ်။
အဲဒီလုပ်ရပ်တွေဟာ မတွေးဝံ့စရာလုပ်ရပ်တွေလို့ တောင်ကိုရီးယား ယာယီသမ္မတ ချွဲဆန်မော့က ပြောကြား လိုက်ပါတယ်။ ယွန်းဟာ စစ်အုပ်ချုပ်ရေးအမိန့်ထုတ်ပြန်မှုကြောင့် ပုန်ကန်မှုစွဲချက်နဲ့ ဗုဒ္ဓဟူးနေ့က ဖမ်းဆီးခံရပြီး တောင်ကိုရီး ယားသမိုင်းမှာ တာဝန်ထမ်းဆောင်စဉ် အခုလို ဖမ်းဆီးခံရတဲ့ ပထမဆုံး သမ္မတ ဖြစ်လာခဲ့ပါတယ်။ ဖမ်းဆီး ထိန်းသိမ်းခံထားရတဲ့ ယွန်းအတွက် ချုပ်ရက် ရမန်သက်တမ်းကို ပြီးခဲ့တဲ့ တနင်္ဂနွေနေ့ မနက် (၃) နာရီမှာ သက်တမ်းတိုးကြောင်း တရားရုံးက ကြေညလိုက်တဲ့နောက်မှာ ထောက်ခံသူတွေဟာ ရဲတွေက တားဆီးနေတဲ့ ကြားက တရားရုံးအဆောက်အဦထဲကို တရကြမ်းဝင်ရောက်စီးနင်း တိုက်ခိုက်ခဲ့ကြတာပါ။
အဲဒီထောက်ခံသူတွေ ဟာ ရုံးဝင်ပေါက်ကို စောင့်ကြပ်နေတဲ့ ရဲတွေကို မီးသတ်ဆေးဘူးတွေနဲ့ မှုတ်ခဲ့ပြီး အထဲကို ဝင်ကာ ရုံးသုံးပစ္စည်း ၊ ပရိဘောဂ စတာတွေကို ရိုက်ခွဲ ဖျက်ဆီးခဲ့တာကို ဗီဒီယိုမြင်ကွင်းတွေမှာ တွေ့ရပါတယ်။ အဲဒီလို ဝင်ရောက်ဖျက် ဆီးပြီး နာရီအနည်းငယ်အကြာမှာ ရဲတွေက အခြေအနေကို ပြန်လည်ထိန်းသိမ်းနိုင်ခဲ့ပြီး ဆန္ဒဖော်ထုတ်သူ(၄၆) ယောက်ကို ဖမ်းဆီးရမိကြောင်း နဲ့ တခြား ပါဝင်ပတ်သက်ခဲ့သူတွေကိုလည်း ရှာဖွေဖမ်းဆီး နှိမ်နင်းသွားမယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။ ဖြစ်စဉ်အတွင်း ရဲအရာရှိ (၉)ယောက် ဒဏ်ရာရခဲ့တယ်လို့ လည်း ယုန်ဟတ် သတင်းက ဖော်ပြပါတယ်။


