လီဗာပူးလ်အသင်းရဲ့ ဥရုဂွေးတိုက်စစ်မှူး ဒါလ်ဝင်နူးနက်ဇ်က ပြီးခဲ့တဲ့ပရီးမီးယားလိဂ်ပွဲစဉ်ဖြစ်တဲ့ဘရန့်ဖို့ဒ်အသင်းကို ၂-၀ နဲ့အနိုင်ရခဲ့တဲ့ပွဲစဉ်ရဲ့နာကျင်အချိန်ပိုမှာ ၂ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ထုတ်ဖော်ဖွင့်ဟပြောဆိုလာခဲ့ပါတယ်။
သောမတ်စ်ဖရန့်ခ်ရဲ့အသင်းအနေနဲ့ ခံစစ်ပိုင်းအတော်လေးကျစ်လစ်ခဲ့ပေမဲ့လည်း နောက်ဆုံးမှာတော့ လီဗာပူးလ်အသင်းရဲ့အဘက်ဘက်ကထိုးဖောက်မှုကိုတားဆီးမနိုင်တော့ဘဲ ဒီပွဲစဉ်မှာလီဗာပူးလ်အသင်းအနေနဲ့ ၃၇ ကြိမ်အထိဂိုးကန်ချက်ရှိခဲ့ပါတယ်။
ဒီမတိုင်ခင်မှာတော့ နူးနက်ဇ်အနေနဲ့ ကစားပုံအတော်လေးကျဆင်းနေတာနဲ့ပတ်သက်ပြီးဝေဖန်မှုတွေကြုံတွေ့နေရကာ ဒီမတိုင်ခင်မှာတော့ ပြိုင်ပွဲစုံ ၂၆ ပွဲပါဝင်ကစားထားရာမှာ၄ ဂိုး သာသွင်းယူနိုင်ခဲ့တာနဲ့အတူ လီဗာပူးလ်အသင်းက ဒီဇန်နဝါရီလအပြောင်းအရွှေ့စျေးကွက်မှာလက်လွှတ်ဖို့စဉ်းစာသုံးသပ်နေတယ်လို့ကောလဟာလသတင်းတွေထွက်ပေါ်လာစေတဲ့အထိဖြစ်ခဲ့ပါတယ်။
ပွဲအပြီးမှာတော့ ပြီးခဲ့တဲ့ကာလမှာသူရင်ဆိုင်ခဲ့ရတဲ့ခက်ခဲဒုက္ခရောက်တဲ့ခက်ခဲမှုတွေအကြောင်းကို စကိုင်းစပေါ့ဒ်သတင်းနဲ့အင်တာဗျူးမှာပြောဆိုလာခဲ့ပါတယ်။
မင်းအနေနဲ့ မာကျောတဲ့စိတ်ရှိရမှာဖြစ်ပြီး အရှုံးမပေးဖို့လိုတယ်လို့ကျနော်ထင်ပါတယ်။တချို့ကာလတွေမှာ ဒီဟာကိုရင်ဆိုင်နေရတဲ့ငါတို့ကစားသမားအားလုံးအတွက်ခက်ခဲကြမ်းတမ်းတဲ့ကာလတွေပါပဲ့။လက်ရှိမှာတော့ကျနော့်မှာဖြစ်ပေါ်လာခဲ့ပါတယ်။ဒါပေမဲ့ ကျနော်အရှုံးမပေးဖူးခဲ့ပါဘူး။ကျနော်အလုပ်ကိုပြင်းပြင်းထန်ထန်လုပ်ဆောင်ဖို့ကြိုးစားခဲ့ပြီး တကယ်လို့လိုအပ်ရင်လည်းလေ့ကျင့်မှုထပ်လုပ်ခဲ့ပါတယ်။ကျနော့်အနေနဲ့ဆက်လက်တိုးတက်ဖို့ဆက်ရှိနေမှာပါ။
အသင်းကိုကူညီဖို့အတွက်ကျနော်အရာအားလုံးကြိုးစားပြီး ခံစစ်ပိုင်းကစားတာရောတခြားဟာတွေအတွက်ကြိုးစားခဲ့ပါတယ်။လူတွေအနေနဲ့ကျနော်သွင်းယူထားတဲ့သွင်းဂိုးအရေအတွက်တွေကိုကြည့်တာကျနော်သိပါတယ်။တိုက်စစ်မှူးအနေနဲ့ ဂိုးသွင်းရမှာပါလို့ နူးနက်ဇ်ကပြောဆိုခဲ့ပါတယ်။
နူးနက်ဇ်က သူ့အနေနဲ့ ခက်ခဲဒုက္ခရောက်တဲ့ကာလမှာရှိနေတယ်ဆိုတာဝန်ခံပြောဆိုခဲ့ပြီး အဓိကအရေးကြီးတဲ့အရာကတော့ မာကျောပြီး အရှုံးမပေးတဲ့စိတ်ရှိဖို့အတွက်ပဲ့လို့ဝန်ခံပြောဆိုခဲ့ပါသေးတယ်။
အမှန်တကယ်မှာတော့ ကျနော့်အနေနဲ့ခက်ခဲတဲ့ကာလကိုကျော်ဖြတ်ခဲ့ပေမဲ့ကျနော့်ကိုယ်ကျနော်တည်ငြိမ်မှုရှိနေသေးပြီး လီဗာပူးလ်အသင်းအတွက်အရာအားလုံးပေးဆပ်ကစားနေပါတယ်။အရေးကြီးဆုံးအရာကတော့ အရှေ့ကိုပဲ့ကြည့်သွားပြီးတိုးတက်ဖို့အတွက်ပြင်းပြင်းထန်ထန်ကြိုးစားရမှာဖြစ်တယ်လို့ကျနော်ထင်ပါတယ်။
မာကျောမှုရှိတဲ့စိတ်ဓာတ်ကိုကျနော်ဆက်ထိန်းထားရမှာဖြစ်ပြီး အသင်းပရိသတ်တွေအပါအဝင်မိသားစုဆီကနေအားပေးမှုတွေရတာအတော်လေးကောင်းမွန်ပါတယ်လို့ပြောဆိုခဲ့ပါသေးတယ်။
#ဘောလုံးသတင်းစုံ
