25 w - Translate

Dave
ဒေဝကို ကြိုးဝိုင်းထဲပြန်မြင်ရတော့မလား

မြန်မာရိုးရာလက်ဝှေ့ဝါသနာရှင်တွေရဲ့ အသည်းကျော် Dave တယောက်ကတော့ ကြိုးဝိုင်းတွေပြန်ခြေချတော့မယ်လို့သတင်းတွေထွက်နေပါပြီ။ ချန်ပီယံဘွဲ့ကို စွန့်လွှတ်ပြီး အနားယူပြီလို့ ပြောဆိုခဲ့ပေမယ့် ဒီရက်ပိုင်းသတင်းတွေအရ ၂၀၂၅ ခုနှစ်ထဲမှာ ရွှေရာမန်နဲ့ထိုးသတ်သွားဘို့ရှိတယ်ဆိုပြီး သတင်းတွေထွက်နေခဲ့တာပါ။ ရွှေရာမန်က အရင်ကတည်းက Dave နဲ့ထိုးသတ်ဘို့ စိန်ခေါ်ခဲ့ပေမယ့် Dave ဘက်က တစုံတရာမတုံ့ပြန်ခဲ့ပါဘူး၊ ၂၀၂၅ နှစ်ဆန်းမှာတော့ ရွှေရာမန်နဲ့ Dave တို့ ထိုးသတ်တဲ့ပွဲဖြစ်မယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။ Dave ဟာ မြန်မာရိုးရာယဉ်ကျေးမှုနဲ့ ရိုးရာလက်ဝှေ့ပုံရိပ်ကို အာရှနဲ့ နိုင်ငံတကာမှာ မြှင့်တင်ပေးနေသူတဦးလည်းဖြစ်ပါတယ်။