25 w - Translate

အမေရိကန်အစဉ်အလာချိုးဖောက်ထားတဲ့_ထရမ့်နန်းတက်ပွဲ
------------------------------
အများအားဖြင့် ကန်သမ္မတကျမ်းသစ္စာကျိန်ဆိုပွဲဆိုတာ ပြည်တွင်းအရေးလို ကျင်းပပါတယ်- သမ္မတနဲ့ ဒုသမ္မတတွေဟာ အမေရိကန်အရာရှိတွေ အရင် နိုင်ငံတော်အကြီးအကဲတွေ တခြားအမေရိကန် VIP တွေနဲ့အတူ လွှတ်တော်အဆောက်အဦးရဲ့ လှေကားထစ်တွေပေါ်မှာ ကျမ်းသစ္စာကျိန်ဆိုကြပါတယ်။ အများပြည်သူ အနီးပတ်ဝန်းကျင်ကနေ ကြည့်ရှုခွင့်ရှိပါတယ်။
ဒါပေမယ့် အခုကျမ်းကျိန်ပွဲကိုတော့ ဖွင့်ပွဲမိန့်ခွန်း၊ ချီတက်ပွဲ၊ ဂီတဖျော်ဖြေပွဲတွေနဲ့ မိုးပျံဘောလုံးတွေလွှတ်လို့ နိုင်ငံတကာပွဲတစ်ခုလို ကျင်းပသွားမှာပါ။ အများစုက ရှေးရိုးစွဲနဲ့ လက်ယာဝါဒီတွေဖြစ်တဲ့
ကမ္ဘာ့ခေါင်းဆောင် တစ်ဒါဇင်နီးပါးကို ဖိတ်ကြားထားပါတယ်။
များသောအားဖြင့် နိုင်ငံခြားခေါင်းဆောင်တွေ အမေရိကန် သမ္မတ ကျမ်းသစ္စာကျိန်ဆိုပွဲ မတက်ရောက်ကြပါဘူး။ သူတို့အစား အမေရိကန် နိုင်ငံဆိုင်ရာ သံတမန်တို့ နိုင်ငံခြားရေးဝန်ကြီးတို့ပဲ တက်ရောက်တတ်ပါတယ်။
အခု ထရမ့် မဟာမိတ် လက်ယာယိမ်း ဒါမှမဟုတ် ပေါ်ပြူလစ် နိုင်ငံခေါင်းဆောင်အများအပြား ဖိတ်ကြားထားပြီး ပြိုင်ဘက်တချို့ကိုလည်း ဖိတ်ခေါ်ထားပါတယ်။ ထင်ရှားသူတွေကတော့-
#အာဂျင်တီးနားသမ္မတ ဂျေဗီအာ မီလိုင် : သူက တက်ရောက်ဖို့ အတည်ပြုခဲ့ပါတယ်။ လက်ယာစွန်းခေါင်းဆောင် မီလိုင်ဟာ အာဂျင်တီးနားကို “တစ်ဖန်ပြန်ကောင်းအောင်လုပ်နိုင်သူ” အဖြစ် ထရမ့်က ချီးကျူးခဲ့ဖူးပြီး ဒီဇင်ဘာလတုန်းက Mar-a-Lago နေအိမ်မှာ ကြိုဆိုခဲ့ပါတယ်။
#တရုတ်သမ္မတ ရှီကျင့်ဖိန် - ထရမ့်က ရှီကို ဒီဇင်ဘာတုန်းက ဖိတ်ကြားခဲ့ပြီး၊ ကုန်သွယ်ရေးစစ်ပွဲကြားကပဲ တရုတ်သမ္မတနဲ့ ဆက်ဆံဖို့ အသင့်ရှိကြောင်း အချက်ပြတာလို့ ယူဆကြပါတယ်။ ဒါပေမယ့် သမ္မတ ရှီ တက်မှာမဟုတ်ဘဲ ကိုယ်စား ဒုတိယသမ္မတ ဟန်ကျန်းတက်မှာပါ။
#အီတလီ ဝန်ကြီးချုပ် ဂျော်ဂျီယာ မဲလိုနီ : အီတလီ လက်ယာစွန်း ညီအစ်ကိုများ ပါတီက မဲလိုနီဟာ ဇန်နဝါရီလတုန်းက Mar-a-Lago ကို လာခဲ့ပြီး သူမရဲ့ အစီအစဉ်အတိုင်း ခွင့်ပြုရင် တက်ရောက်ဖွယ်ရှိတယ် ဆိုပါတယ်။
#ဟန်ဂေရီဝန်ကြီးချုပ် ဗစ်တာ အော်ဘန် - လူကြိုက်များတဲ့အော်ဘန်ဟာ ထရမ့်နဲ့ ရင်းနှီးတဲ့မဟာမိတ်ဖြစ်ပါ။ ထရမ့်ဟာ ယူကရိန်းအပေါ် ရုရှားရဲ့စစ်ပွဲကို အဆုံးသတ်လိမ့်မယ်လို့ ယုံကြည်ကြောင်း အော်ဘန်က ပြောခဲ့ပါတယ်။
#အိန္ဒိယ၀န်ကြီးချုပ် နာရန်ဒရာ မိုဒီ - မိုဒီနဲ့ ထရမ့်ဟာ ထရမ့်သမ္မတတာဝန်ယူချိန်ကစပြီး ရင်ခုန်စရာတွေ မျှဝေခဲ့ကြပါတယ်။ ဒီဇင်ဘာမှာ ထရမ့် ရွေးကောက်ပွဲအနိုင်ရပြီးနောက် မိုဒီဟာ ထရမ့်ကို ချီးကျူးဂုဏ်ပြုတဲ့ ပထမဆုံးပုဂ္ဂိုလ်ပါ။ မိုဒီတက်ရောက်မှာ မဟုတ်ဘဲ နိုင်ငံခြားရေးဝန်ကြီးကို ကိုယ်စားလွှတ်ထားပါတယ်။
#အီကွေဒေါသမ္မတ ဒန်နီရယ် နိုဘိုအာ - ထရမ့်ရဲ့အောင်ပွဲဟာ လက်တင်အမေရိကအတွက် အောင်ပွဲလို့ ချီးကျူးခဲ့တဲ့ နိုဘိုအာ အဖိတ်ခံထားရပါတယ်။ ထရမ့်ကျမ်းသစ္စာကျိန်ဆိုပွဲအတွက် ဝါရှင်တန်သွားဖို့ သူ ပြန်လည်အရွေးခံရေးလှုပ်ရှားမှု ခေတ္တရပ်ထားမယ် ဆိုပါတယ်။
#အဲလ်ဆာဗေဒို သမ္မတ နာယစ် ဘူကီလီ : တက် မတက် အတည်မပြုရသေးပါ။ ထရမ့်ရဲ့သား ထရမ့်ဂျူနီယာနဲ့ ဘူကီလီက သူငယ်ချင်းပါ။ ၂၀၂၄ ဇူလိုင်လက ဘူကီလီရဲ့ ကျမ်းသစ္စာကျိန်ဆိုမှုကို ထရမ့်ဂျူနီယာ တက်ရောက်ခဲ့ပါတယ်။
#ဘရာဇီးသမ္မတဟောင်း ဂျရာ ဘိုလ်ဆွန်နရို : "ထရမ့်ယဉ်စွန်းတန်းလို့ နာမည်ပြောင်တွင်တဲ့ လက်ယာစွန်းနိုင်ငံရေးသမား အဖိတ်ခံထားရပေမယ့် ခရီးသွားလာခွင့် ပိတ်ပင်ခံထားရလို့ မတက်နိုင်ပါဘူး။ သူရှုံးနိမ့်ခဲ့တဲ့ ၂၀၂၂ ရွေးကောက်ပွဲ ရလဒ်တွေ လွှမ်းမိုးဖို့ ကြိုးပမ်းမှု အပါအဝင် စုံစမ်းစစ်ဆေးခံနေရတဲ့ ဘိုလ်ဆွန်နရိုရဲ့ နိုင်ငံကူးလက်မှတ်ကို နိုင်ငံရဲ့ တရားရုံးချုပ်က သိမ်းထားပါတယ်။
#ပိုလန်ဝန်ကြီးချုပ်ဟောင်း မာတိအပ်စ် မိုရာဝစ်ခ်: အီးယူပါလီမန်မှာ လက်ယာယိမ်း ဥရောပကွန်ဆာဗေးတစ်နဲ့ ပြုပြင်ပြောင်းလဲရေးပါတီရဲ့ ခေါင်းဆောင်ဖြစ်လာသူ။ သူက တက်ရောက်မှာပါ။
#ဖိတိသင့်လျက်နဲ့_မဖိတ်ခဲ့သူတွေ
#ဗြိတိန်ဝန်ကြီးချုပ် ကီအာ စတာမာ: သူ့ကို ဖိတ်မထားဘဲ Reform UK ပါတီက လက်ယာစွန်းနိုင်ငံရေးသမား နီဂဲလ် ဖာအေ့ဂ်ကိုပဲ ဖိတ်ထားတယ်၊ တက်ရောက်မှာပါ။
#ဥရောပကော်မရှင် အကြီးအကဲ ဗွန်ဒါ လီယန်နဲ့ ဥရောပသမဂ္ဂနဲ့ နေတိုး အဖွဲ့ဝင်အများစုကို လစ်လျူရှုထားတယ်။
#အီးယူအကြီးဆုံးစီးပွားရေးကို ဦးဆောင်နေတဲ့ ဂျာမနီဝန်ကြီးချုပ် အိုလက်ဖ်ရှော့ဇ်ကို မဖိတ်။ ဒါပေမယ့် ပူးတွဲခေါင်းဆောင် တီနို ချရူပါလာကိုကိုယ်စားပြုမယ့် ဂျာမနီလက်ယာစွန်း (AfD) ပါတီ ခေါင်းဆောင် အဲလစ် ဝိုင်ဒယ်ကို ဖိတ်ထားတယ်။
#စပိန်လက်ယာယိမ်း Vox ပါတီခေါင်းဆောင် ဆန်တီယာဂို အဘာစကယ် နဲ့ ပေါ်တူဂီရဲ့ ပေါ်ပြူလစ် ချီဂါပါတီက အန်ဒရီ ဗင်တူရာတို့ကိုလည်း ဖိတ်ထားတယ်။
#ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်: ထရမ့်နဲ့ ရင်းနှီးပေမယ့် မဖိတ်ဘဲ သမ္မတအစား Reconquest ပါတီက ပြင်သစ်လက်ယာစွန်းနိုင်ငံရေးသမား အဲရစ် ဇမ်မိုအာကိုပဲ ဖိတ်ထားတယ်။
crd

image