စတူဒီယိုအဆိုတော်တစ်ဦး အင်းလျားကန်ထဲ ခုန်ချသတ်သေမှု ဖြစ်ပွားခဲ့

ဇန်နဝါရီ ၂၀

စတူဒီယိုအဆိုတော်တစ်ဦး အင်းလျားကန်ထဲ ခုန်ချသတ်သေမှု ဇန်နဝါရီ ၁၉ ရက် မနက်ခင်းအချိန်က ဖြစ်ပွားခဲ့တယ်လို့ ကနဦးသတင်းတွေအရ သိရပါတယ်။

သေဆုံးသူ စတူဒီယိုအဆိုတော်ဟာ ကောင်းမြင့်စံ (ခ) စုဗူးဆိုသူဖြစ်ပြီး အဆိုတော်စိုင်းဆိုင်မောဝ်ရဲ့တေးတွေအပါအဝင် နာမည်ကျော်သီချင်းတွေကို ပြန်ဆိုလေ့ရှိသလို ကိုယ်ပိုင်ဝယ်ယူထားတဲ့သီချင်းတွေလည်း သီဆို့လေ့ရှိသူဖြစ်တယ်လို့ သိရပါတယ်။

“အဖြစ်ဆိုးလိုက်တဲ့ညီရာ။ ဘဝကိုလွယ်လွယ်လေးအရှူံးပေးသွားရသလား ကောင်းကြီးရာ။ စိတ်တွေလည်း မကောင်းလိုက်တာ။ မင်းဆိုမယ့်သီချင်းလေးလည်း ငါဘယ်သူ့မှ ပြန်မရောင်းတော့ပါဘူးညီရာ။ ဘဝဆက်တိုင်း စိတ်ဖိစီးမှုတွေကင်းဝေးပါကွာ။ အနုပညာသမား တေးဆို ကောင်းမြင့်စံ ကောင်းရာသုဂတိလားပါစေ…”လို့ တေးရေးတေးဆိုကိုထွေးလေးက ကွယ်လွန်သူကို Tag တွဲပြီး လူမှုကွန်ရက်မှာ ဝမ်းနည်းစကားဆိုထားပါတယ်။

တေးဆိုကောင်းမြင့်စံဟာ စိတ်ကျရောဂါဖြစ်ပွားပြီး မိမိကိုယ်ကိုယ် အဆုံးစီရင်သွားတာလို့လည်း တေးသံရှင်အမုန်းက လူမှုကွန်ရက်မှာ ကွယ်လွန်သူကို ဆယ်ယူထားတဲ့ရုပ်အလောင်းနဲ့ မျှဝေ ထားသလို ကောင်းမြင့်စံ ကောင်းရာမွန်ရာရောက်ဖို့လည်း ဆုတောင်းစကားဆိုထားတာ တွေ့ရပါတယ်။

တေးဆိုကောင်းမြင့်စံ (ခ) သိန်းစံဟာ ကွယ်လွန်ချိန်မှာ အသက် ၃၉ နှစ်အရွယ်ရှိနေပြီဖြစ်ပြီး ကြွင်းရစ်တဲ့ရုပ်အလောင်းကို မနက်ဖြန် ဇန်နဝါရီ ၂၀ ရက် နေ့လယ် ၃ နာရီအချိန်မှာ မြောက်ဥက္ကလာပဆေးရုံကနေ ထိန်ပင်သုသာန်ဆီ ပို့ဆောင်သင်္ဂြိုဟ်မှာဖြစ်သလို ဇန်နဝါရီ ၂၅ ရက် နံနက် ၇ နာရီမှာတော့ ရက်လည်ဆွမ်းသွပ်တရားနာသွားမှာဖြစ်ပါတယ်။

Credit - Myanmar Transparency News Agency

#သတင်းဟင်းလေးအိုးကြီး

imageimage