16 w - Translate

ဆားအရသာပါတဲ့ လျှပ်စစ်ဇွန်းကို ဂျပန်တီထွင်၊ ဟင်းထဲမှာ ဆားမပါပဲ ချက်လို့ရပြီ။

ဆားဆိုတာ ဟင်းခတ်အမွေအနှစ်ရဲ့ အခြေခံအုတ်မြစ်ပါ။ ဆိုဒီယမ် ဆိုတဲ့ ဒီဆားဟာ များများစားရင်တော့ မကောင်းလို့ ဆရာဝန်တွေက လျှော့စားခိုင်းကြပါတယ်။ ဒီလိုနဲ့ ပေါ့ရှပ်ရှပ်ကြီး ဖြစ်နေလို့ စားမကောင်းရင် အစားအရသာကို လေးပင်စေမယ့် လျှပ်စစ်ဆားဇွန်း ပေါ်လာပါပြီ။
ဆိုဒီယမ် (ဆား) အစား တခြားသတ္တု ဒါမှမဟုတ် ဟင်းခတ်အမွှေးအကြိုင် တခုခုအစားထိုးမယ့်အစား ကီရင် အမည်ရှိ ဂျပန်ကုမ္ပဏီက သင့်လျှာကို ဆားထိတဲ့ ခံစားချက်ရဖို့ လျှပ်စစ်ဓာတ်ကို အသုံးပြုတဲ့ ဇွန်းကို တီထွင်ခဲ့ပါတယ်။ အားသွင်းရတဲ့ ဘက်ထရီနဲ့ လျှပ်စစ်ဆားဇွန်း ဖြစ်ပါတယ်။
အငန်အဆင့်လေးဆင့်ထဲက တခုကို ရွေးပြီး ဇွန်းကိုကိုင် ကြိုက်တာ ခပ်စားရုံပါပဲ။ ဒီဇွန်းနဲ့ ခပ်စားတဲ့ အစားအစာဟာ အမှန်တကယ်ထက် ဆားပိုငန်တယ်လို့ ထင်မြင်စေမှာ ဖြစ်ပါတယ်။

image