ဇန်နဝါရီလ၁၉ရက်နိုင်ငံတကာသတင်းတိုများ
၁။Tik Tokသည်အမေရိကန်ရှိဝန်ဆောင်မှုများကိုယနေ့မှစပြီးပိတ်ပင်လိုက်သည်။
၂။ဟန်ဂေရီဝန်ကြီးချုပ်ဗစ်တာအော်ဘန်ကဘိုင်ဒင်အစိုးရ၏ရုရှားရေနံအပေါ်စီးပွားရေးပိတ်ဆိုမှုနှင့်ယူကရိန်းကဥရောပသိုပိုနေသည့်ရုရှားဓါတ်ငွေ့ကိုဖြတ်သန်းခွင့်ပိတ်လိုက်ခြင်းသည်ဥရောပကိုစွမ်းအင်အကျပ် အတည်းဖြစ်အောင်လုပ်ခြင်းဟုပြောလိုက်သည်။
၃။ယူကရိန်းသမ္မတဇလင်စကီးကအမေရိကန်သမ္မတဒေါ်နယ်ထရမ့်၏ကျမ်းသစ္စာကျိန်ဆိုပွဲသိုတက်ရောက်လိုသဖြင့်ဖိတ်ကြားပေးပါရန်သုံးကြိမ်ဖုန်းဆက်ပြောကြားသော်လည်းထရမ့်၏အဖွဲကပယ်ချလိုက်ကြောင်းထရမ့်၏သားဖြစ်သူကပြောသည်။
၄။အစ္စရေးဝန်ကြီးချုပ်ကဟားမတ်စ်တိုပြန်လွှတ်ပေးမည့်ဓါးစာခံစာရင်းကိုမပေးပါကအပစ်အခတ်ရပ်စဲရေးကိုဖျက်သိမ်းမည်ဟုခြိမ်းခြောက်ပြီးနောက်ဟားမတ်စ်ကပထမဆုံးလွှတ်ပေးမည့်ဓါးစာခံသုံးဦးအမည်ကိုပေးပိုလိုက်သည်။
၅။အပစ်အခတ်ရပ်စဲသဖြင့်တိမ်းရှောင်နေသောဂါဇာဒေသခံများပြန်လည်ဝင်ရောက်လာသည်။နှစ်ဖက်သဘောတူညီချက်အရအစ္စရေးကဖမ်းထားသောပါလက်စတိုင်း၁၉၀၂ဦးနှင့်ဟားမတ်စ်ဖမ်းထားသောအစ္စရေးဓါးစာခံ၃၃ဦးကို၄၂ရက်အတွင်းလဲလှယ်ရမည်ဖြစ်သည်။
NOM