25 ပတ် - ဘာသာပြန်ပါ။

သမီးရည်စား ဆို ဌာနတူ မခန့် ဘူးဆိုတာ သက်သက် မဲ့ အဓိပ္ဗာယ် မရှိ ပြဌာန်းထားတဲ့ စည်းကမ်းလို့ ၀န်ထမ်းငယ်ဘ၀ တုန်းက ယူဆခဲ့ ဖူးတယ်။
.
နောက်ပိုင်း Management Level ကိုရောက်လာတော့မှ အဲဒီ ပြဿနာ ဟာ ဘယ်လောက် လုပ်ငန်းနဲ့ Operation ကို ထိခိုက်တယ်ဆိုတာကို ကိုယ်တွေ့ ကြုံလာမှ ဒီစည်းမျဉ်းဟာ အတော်ကိုသက်ညှာထား တယ်လို့ သဘောပေါက်တာကိုး၊
နိုင်ငံတကာ လုပ်ငန်းတွေ မှာဆို တစ်ဦးကို အလုပ် ပါ ထွက်ခိုင်းတာရယ်..
.
ကြုံဖူးတာလေးတွေ နည်းနည်းပြောပြမယ်
.
အဖြစ်အများဆုံးကတော့ ကိုယ့်ရည်းစား ကို ဌာန ထဲက ကောင်လေး ကောင်မလေးတွေ နဲ့ ရင်းရင်းနှီးနှီး နေ ရင် အူတို သ၀န်တို ကြပြီး communication error တွေ အကြီးအကျယ်ဖြစ်ကြတာပဲ။
.
စိတ်ကောက် နေကြတဲ့ နေ့များဆိုရင် ဆရာ ဆရာမ တို့က အလုပ်လုပ်ဖို့မပြောနဲ့ ၃ စက္ကန့်လောက် စိုက်ကြည့်မိရင်တောင်စာနာ နားလည်မှု မရှိတဲ့ ဂျာကြီး ဆိုပြီး ဖြစ်ရော..
.
တစ်ခါကောင်လေးက အပြင်ထွက်မုန့်၀ယ်တော့ တခြားဌာနက ၀န်ထမ်း ကောင်မလေးက လမ်းကြုံမုန့်မှာလိုက်ရော... ပြန်လဲလာရောတခြား ကောင်မလေးကို မုန့်၀ယ်ပေးရပါ့မလားဆိုပြီး သူတိုအချင်းချင်းရော ဟိုဖက်ဌာန နဲ့ပါ တိုက်ပွဲဖြစ်တာပဲ။
.
ဒီကြားထဲ နယ် ထွက် ဖို့ အားလုံး စီစဉ်ကားလက်မှတ်တွေ ဖြတ်ထား ပြီးမှ ရည်းစားက ခွင့်မပြုလို့ ကျွန်တော် လိုက်လို့မရတော့ပါဘူး ဆိုတာလဲရှိတယ်..
.
အိုဗာ တိုင် တစ်နာရီ ဆင်းခိုင်း မိလို့ မန်နေဂျာ ကို ဖုန်းဆက်ဆဲ တဲ့ ရည်းစား၊
.
အင်တာဗျူး က ပထမ အဆင့်ရှိသေးတယ် ကိုယ့်ဆီဖုန်းဆက်ပြီး ဌာနမှာ ယောကျာ်းလေးတွေ များလား များရင် မလုပ်ခိုင်းဘူး ဆိုတဲ့ ရည်းစား ငကြောင်၊
.
Teamwork ခရီး ဘယ်တော့ မှ လိုက်လို့ မရ လို့ အမှတ်မရ တော့ ရာထူး မတိုးတဲ့သူ..
.
အက်မယ်..သူတို့ချင်းတည့်နေတေ့ာ လဲ ရုံး Training သင်တာတောင် ပေါင်ချင်း ထပ်ထိုင်ထားလို့ ခေါ် ဆဲရသေးတယ်..
.
သူတို့ချင်း ခိုးပြေးတာ ကို မန်နေဂျာ အသုံးမကျ လို့ပါ လို့ဖုန်းဆက်ဆူတဲ့ အိမ်က မိသားစုတွေ...
.
သူ့ရည်းစားကို အလုပ်ပိုပေးမိရင် သက်သက် ဖိနိပ်တာ ဆိုပြီး .. လျော့ပေးတော့လဲ သူ့ရည်းစားကိုကြိုက်နေလို့များ လား ဆိုပြီး တိုင်ပတ် နေတဲ့ သတ္တဝါ..
.
အလုပ် ကအရေးမကြီး ဘူး ... ကျွန်တော့်ကောင်မလေးသာ အဓိက ဆိုတဲ့ ရိုမီယို
.
ကောင်လေးကိုဆူရင် ကောင်မလေးက မျက်စောင်းထိုး...ကောင်မလေးကိုဆူမိရင် ချစ်လူမိုက်က အံတကြိတ်ကြိတ်..
.
Professional ဆန်ရမယ်ဆိုတဲ့ အထဲမှာ အဲဒီလို ကိစ္စတွေ လဲ ပါတယ်ရယ်.. အရမ်းချစ် လို့ လုံး၀ စိတ်မချလို့ဆိုလဲ ဘာအလုပ်မှ လုပ်မနေကြပဲ နှစ်ကိုယ်တူ တောင်းသာ စားကြဗျာ..
.
အဲ..ဒါတောင် ပိုက်ဆံထည့် တဲ့ ကောင်က ငါ့ စော်ခွက်ထဲပဲ ထည့်တယ် ဆိုပြီး တိုင်ပတ်ဦးမှာ ကို မြင်နေသေးတယ်ရယ်..
Crd 😀သဘောကျလို့

image