15 w - Translate

နှုတ်ခမ်းစူနေတဲ့ငါး
ဇန်နဝါရီ ၉ ရက်နေ့မှာ ထိုင်းနိုင်ငံ၊ နခွန်ပထုန်မှာ ငါးဖမ်းသူအုပ်စုတစ်စုဟာ ဖောင်းကားနေတဲ့ နှုတ်ခမ်းထူထူ နဲ့ တီလားပီးယားငါးတစ်ကောင်ကို ဖမ်းမိခဲ့တာပါ။
ငါးဖမ်းသူတစ်ဦးက "ကျွန်တော်တို့ ဒီလိုငါးမျိုးကို အရင်က မမြင်ဖူးတော့ အရမ်းကို အံ့အားသင့်သွားတယ်။ ဒါနဲ့ ရေထဲကို ပြန်လွှတ်ပေးဖို့ ဆုံးဖြတ်လိုက်တယ်" လို့ ပြောပါတယ်။ အဲဒီငါးဟာ နှုတ်ခမ်းကို ဖောင်းအောင် အလှကုန်ပစ္စည်းတွေ အများကြီးသုံးပြီး ပြုပြင်လေ့ရှိတဲ့ နာမည်ကြီးတွေနဲ့ တူတယ်လို့လည်း သူက ဆိုပါတယ်။
သူက နောက်ပြောင်ပြီး "ဒီငါးကတော့ အခမဲ့ ကုသမှု ခံယူလိုက်ရတာပဲ။ အမေရိကန်နာမည်ကြီးတွေလို ဆေးခန်းသွားစရာ မလိုဘူး" လို့ ပြောပါတယ်။
အမိုးနီးယား သို့မဟုတ် နိုက်ထရိုက်ဓာတ်တွေ မြင့်တက်နေတာအပါအဝင် ရေအရည်အသွေး ညံ့ဖျင်းမှုကြောင့် ငါးတွေဟာ စိတ်ဖိစီးမှုတွေ ခံစားရပြီး ကူးစက်ရောဂါတွေနဲ့ နှုတ်ခမ်းရောင်ရမ်းခြင်းလိုမျိုး ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုတွေ ဖြစ်ပွားနိုင်ခြေ ပိုများပါတယ်။